9

49 6 0
                                    

(Unicode)
Ellie's POV:
ငါလုပ်နိုင်ခဲ့ပြီ။
Antonioကို ငါ့daddyဖြစ်ပေးနိုင်မလားလို့မေးလိုက်တော့ သူကလက်ခံလိုက်တယ်။
အဲ့ဒီနောက် သူငါ့ကို 'သမီးကလေး'လို့ခေါ်လိုက်တာက အရင်ကထက်ငါ့မျက်နှာကိုပိုနီလာစေတယ်။
တစ်နာရီလောက်ကြာတော့
သူနဲ့စကားနည်းနည်းပြောပြီးတာနဲ့ ငါအတော်လေးအိပ်ငိုက်လာပြီး အိပ်ပျော်သွားတယ်။

Antonio ကမွေးစားဖို့အချက်အလက်တွေမှာ လက်မှတ်ထိုးနေတယ်လို့ ငါအိပ်မက်မက်တယ်။
ငါသူ့လက်ကိုတွဲထားတုန်း တံခါးဝမှာရပ်နေတဲ့ ငါ့အဖေအရင်းကို ငါတွေ့လိုက်ရတယ်။ဒါပေမယ့် ငါ့အဖေအသစ်က သူ့ကို အဝေးကိုမောင်းထုတ်လိုက်လို့ ငါမကြောက်ပါဘူး။

ငါအိပ်မက်ထဲမှာတောင်နွေးထွေးစွာပြုံးနေခဲ့တယ်။

နောက်တော့ ဆူညံသံတွေကို ကြားလိုက်ရတယ်။

နီးလာတာနဲ့အမျှ အဲ့ဒါက မိန်းမတစ်ယောက်ရဲ့အသံဆိုတာ ငါသိလိုက်တယ်။

ငါအိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်နေတုန်း ငါ့အဖေdickလို့ပြောသံကို ငါကြားလိုက်ရတယ်။ ဒါပေမယ့် အဲ့ဒီစကားလုံးရဲ့အဓိပ္ပါယ်ကိုငါမသိဘူး။ အဲ့ဒီတော့ ငါမျက်လုံးတွေကိုပွတ်လိုက်ပြီး အဖေ့ကိုကြည့်လိုက်တယ်။

"Dickဆိုတာဘာလဲဟင်?'' ငါမေးလိုက်တယ်။

အဲ့နောက်တော့ ''မဟုတ်ဘူး မဟုတ်ဘူး daddyပြောတာ stick'' သူပြန်ရှင်းပြတယ်။
သူကအကောင်းဆုံးဖြစ်မှာ။
သူstickလို့ပြောတာဖြစ်မယ်လို့ ငါဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် ငါမိန်းမတစ်ယောက်ုကိုတွေ့တော့ ငါသူမရဲ့တည်ရှိမှုကိုမနှစ်သက်သလိုမျိုး တိတ်ဆိတ်သွားတယ်။ ငါ့အဖေငါ့ကိုရှင်းပြနေတာကိုကြည့်ပြီးတော့ သူမရယ်တယ်။ သူမပါးစပ်ပိတ်အောင် ငါ့အဖေသူမကို မျက်စောင်းထိုးလိုက်တာကို ငါတွေ့လိုက်တယ်။
ဒါကြောင့်သူလိုက်တဲ့အတိုင်းငါလိုက်လုပ်တော့ သူ့ပြုံးလိုက်တာကို ငါတွေ့လိုက်ရတယ်။

သူငါ့ကိုချီလိုက်တော့ ဟိုအမျိုးသမီးက တုန်လှုပ်စေလောက်တဲ့အသံနဲ့ ငါ့ကိုအော်တယ်။

ငါဒေါသထွက်လာတော့ အဲ့ဒီ အမျိုးသမီးကထွက်သွားတယ်။ လူတွေငါ့ကိုအော်တာပဲဖြစ်ဖြစ် အော်နေတဲ့အသံကိုကြားတာပဲဖြစ်ဖြစ် ငါမကြိုက်ဘူး။ အဲ့ဒီနောက် လိပ်ကလေးတွေက အထီးကျန်နေပြီလို့ပြောတဲ့အတွက် ငါသူတို့ကိုသွားကြည့်ဖို့ စိတ်လှုပ်ရှားသွားတယ်။
ငါရေကန်ဆီကိုသွားပြီးတော့ အခွံထဲမှာပုန်းနေဆဲဖစ်တဲ့ လိပ်ကလေးကိုကောက်ကိုင်လိုက်တယ်။ လိပ်ကလေးကို ငါ့လက်ထဲဝှက်လိုက်တော့ သူအပြင်ကိုထွက်လာတယ်။ ငါအသက်ပြင်းပြင်းရှုလိုက်တယ်။
"Daddy Daddy'' ငါစိတ်လှုပ်ရှားပြီး ငါဘယ်လိုခေါ်လိုက်တယ်ဆိုတာ သတိမထားမိလိုက်ဘူး။ ဒါပေမဲ့ သူထွက်လာပြီး မေးတယ်။ ''ဘာလဲမင်းသမီးလေး?'' ငါ့အရပ်အတိုင်းဒူးထောက်ချပြီး မေးတယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now