5

61 7 2
                                    

Unicode
Ellie's POV:
သူနဲ့ အရင်က အကြာကြီးသိခဲ့ဖူးသလိုမျိုး ခံစားရတယ်။

ငါသူ့အပေါ် ဝန်ထုပ်ဝန်ပိုးတစ်ခုလို ဖြစ်နေတာကို စိတ်မကောင်းပါဘူး။ဒါပေမယ့် သူ့က်ုကြည့်ရတာ ဒါကို စိတ်ထဲမထားသလ်ုပဲ။အဲ့ဒါကိုဘယ်လိုပြောရမလဲ ငါမသိဘူး။ ပျော်တာလား?
ဟုတ်တယ်....
ငါသူ့ရဲ့စကားတွေကို ပိုနားထောင်ချင်လာတယ်။
ငါက မဖွံ့ဖြိုးသေးဘူးဆိုတာ သိပါတယ်။
ငါက အခွံထဲမှာ ပုန်းနေတယ်လို့ အမေက အမြဲပြောခဲ့တယ်။
Antonio စားသောက်ဆိုင်ဆီမောင်းခဲ့တယ်။
ငါ့အဖေ အရက်တွေသောက်ပြီး အန္တရယ်ရှိတဲ့ ပစ္စည်းတွေကြောင့် အလုပ်ပြုတ်သွားကတည်းက ဒီလိုနေရာမျိုး မရောက်တာကြာပြီ။
ငါတို့ အထဲကိုဝင်လိုက်တာနဲ့ မိန်းကလေးတွေက Antonio ကိုကြည့်နေတာကို ငါတွေ့လိုက်တယ်။
သူချောတာကို ငါသိပါတယ်။ဒါပေမယ့် ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတယ်ဆိုတာ ငါသိလိုက်ပြီ။ဒါကြောင့် ငါဘေးပတ်ဝန်းကျင်ကိုပဲ စိတ်မဝင်စားသလိုကြည့်နေလိုက်တယ်။လူတွေအများကြီးရှိတဲ့နေရာကို ငါရောက်နေတယ်ဆိုတာ မယုံနိုင်သေးဘူး။ချောမောခန့်ညားတဲ့ ဂရုစိုက်သူရယ်၊ဇိမ်ခံဘဝကြီးရယ်၊ပြီးတော့ အခြားအရာတွေရောပဲ....
ငါတို့ကောင်တာကိုသွားပြီးတာနဲ့
သူက အခြားမိန်းမကြီးတစ်ယောက်ကို ငါ့အတွက် ထိုင်ခုံအမြင့်တစ်လုံးယူခိုင်းလိုက်တယ်။
ငါ့ကိုထိုင်ခုံပေါ်ထားလိုက်တယ်။အဆင်ပြေမနေပါဘူးနော်။ငါ့အသက်က ၅နှစ်တောင်ရှိနေပြီ။ငါထိုင်ခုံအမြင့်ပေါ်မှာထိုင်စရာမလိုတော့ဘူးဆိုပေမယ့် အခုတော့ ထိုင်နေရတယ်။
စားပွဲထိုးက ငါတို့ကိုဘာသောက်မလဲမေးတယ်။
ငါ လူအများကြီးရှိနေတော့ ငါသက်တောင့်သက်သာမရှိသလိုဘဲ။
ဒါကြောင့် Antonio ငါ့ကိုမေးတော့ ငါသူ့ကိုပဲညွှန်ပြလိုက်တယ်။
ငါစိုးရိမ်ပူပန်နေလို့ စကားမပြောချင်ဘူးဆိုတာ သူနားလည်ဖို့ငါမျှော်လင့်ပါတယ်။
သူနားလည်ပြီး စားပွဲထိုးကို သူ့လို ရေဘဲပေးဖို့ မှာလိုက်တယ်။
အဲ့ဒီနောက် သူငါ့အနားရွှေ့လာပြီး ကလေးmenuငါ့အတွက်ဖွင့်ပြပေးတယ်။
တကယ်လို့ ငါသာအိမ်ကထွက်မပြေးခဲ့ဘူးဆိုရင် ဒီလို ချမ်းသာပြီး ချောမောခန့်ညားတဲ့လူနဲ့ တွေ့ရမှာမဟုတ်ဘူးဆိုတာ ငါသိလိုက်တယ်။
ဘုရားရေ! ငါဘာတွေ တွေးနေတာလဲ...ငါက အိမ်ကောင်းလေးတစ်လုံးလိုချင်ရုံပါ။ပြီးတော့ သူကငါ့အတွက် အသက်ကြီးလွန်းတယ်။
ဟုတ်တယ် သူကငါ့အတွက်အသက်ကြီးတယ်။သူ့မှာလည်း ငယ်တဲ့ဘက်တော့ရှိမှာပါ။သူဟာချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ဖို့ ငယ်ငယ်လေးကတည်းက စရမှာ။ဘာလို့လည်းဆိုတော့ ငါ့အဖေက အခုအသက်၄၄နှစ်ရှိနေပြီ ဒါပေမယ့် မချမ်းသာသေးဘူး။
ငါ pastaနဲ့cheeseကို ရွေးလိုက်တယ်။
ငါတို့ရဲ့ သောက်စရာလာတော့ သူလုပ်သလိုငါလိုက်လုပ်တယ်။
သူဘာမှတော့ မပြောပေမယ့် သူသတိမထားမိဘူးလို့ ငါမထင်ဘူး။
အခြားသူတွေမှာ သူတို့ကိုချစ်တဲ့မိဘတွေရှိနေတာကို ငါမနာလိုဘူး။
ငါ့မှာ ရှိခဲ့ဖူးတယ်။
ငါ့အမေမဆုံးခင်တုန်းကပေါ့။
"ဖေဖေက မေမေက ဘယ်မှာလဲဟင်?'' ငါသူ့ဘောင်းဘီကိုဆွဲပြီးမေးလိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now