22

17 0 0
                                    

Unicode

T/N_နာမည်တွေကို မြန်မာလိုက ဖတ်ရတာပိုအဆင်ပြေမယ်ထင်လို့ ဒီအပိုင်းကနေစပြီးတော့ ပြောင်းလိုက်ပါမယ်နော်။ အရှေ့အပိုင်းတွေကိုတော့ completeဖြစ်မှပြန်ပြင်လိုက်တော့မယ်။ ဖတ်ရှုပေးမှုအတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

Antonio's POV:

ငါ ဂျီနာကိုငြင်းလိုက်တယ်။

ငါ့လက်မောင်းတွေကိုဆန့်ထုတ်လိုက်တယ်။

ငါစိတ်ရှုပ်သွားတယ်။ လေးရက်ရှိပြီ။ အစည်းအဝေးတွေအားလုံးကို တစ်ပြိုင်နက်တည်းစုပြီး လုပ်လိုက်တော့ ငါဒီရက်အတောအတွင်း တော်တော်ကြီးကို အလုပ်ရှုပ်နေခဲ့တာ။

မနက်ဖြန်ကျရင် ငါသူမကို ရေခဲမုန့်ဝယ်ကျွေးဖို့ ခေါ်သွားရမယ်။ ငါရုံးခန်းထဲကထွက်လာတော့ အယ်လီ သူမအရုပ်တွေနဲ့ဆော့နေတာကို ငါတွေ့လိုက်ရတယ်။

ငါဘယ်လိုခံစားနေရတယ်ဆိုတာ ငါမပြောပြတတ်တော့ဘူး။

ငါသူမအပေါ်ရုတ်တရက်ကြီး ပိုပိုပြီးချစ်လာသလိုခံစားလိုက်ရတယ်။

ဒါက သူမဟာငါ့ရဲ့ သွေးသားဖြစ်နေတာကြောင့်လားဆိုတာတော့ ငါလည်းမပြောတတ်ဘူး။ ဒါပေမယ့် သူမကိုယ်ထဲမှာ ငါ့ရဲ့သွေးတွေစီးဆင်းနေတယ်ဆိုတာ ငါသိလိုက်ရတော့ ငါတကယ့်ကိုပျော်မိတယ်။

သူမကစားနေတာကို ငါခဏလောက်ကြည့်နေတဲ့နောက်မှာတော့ သူမငါ့ကိုသတိထားမိသွားပြီး အရင်လုပ်နေကျအတိုင်း ငါ့ဆီကို ပြေးလာခဲ့တယ်။

ငါသူမကို ငါ့လက်မောင်းတွေကြားထဲကို ချီလိုက်တယ်။

"သမီးလေးက လိမ္မာတဲ့ကလေးလေး ဟုတ်တယ်မို့လား?" ငါမေးတော့ သူမခေါင်းကလေးငြိမ့်ပြလာတယ်။

"ဒယ်ဒီ သမီးခိုးနားထောင်ဖို့ မရည်ရွယ်ခဲ့ပါဘူး။" သူမစပြောတယ်။

ငါသူမကိုကြည့်လိုက်တယ်။

နေအုံး သူမကြားသွားခဲ့တာလား။

သူမစိတ်မဆိုးဘူးလား?

အယ်လီယာနာကိုကြည့်ရတာတော့ စိတ်ဆိုးတဲ့ပုံတော့မပေါက်ဘူး။

Addopted by the Billionaire(Mm Translation)Where stories live. Discover now