10

35 6 0
                                    

Unicode
Antonio's POV

အခန်းကိုသပ်ရပ်အောင်ပြင်ပြီးတာနဲ့ Ellieရဲ့ခေါ်သံကိုကြားလို့ ဧည့်ခန်းဆီကိုသွားလိုက်တယ်။

Wow,Antonio မင်းနာမည်​ခေါ်သံကြားတာနဲ့အလိုလိုတုံံ့ပြန်တတ်နေပြီပဲ။ ''ဘာလဲ မင်းသမီးလေး?'' လို့မမေးခင် ငါခေါင်းခါလိုက်ပြီး သူမနဲ့ အရပ်ချင်းတူတဲ့ထိ ငါဒူးကွေးလိုက်တယ်။
ပြီးတာနဲ့ လိပ်ကလေးတွေ ခေါင်းထွက်ပြီး ချောင်းကြည့်နေတယ်လို့ ငါ့ကိုပျော်ရွှင်စွာနဲ့ သူမပြောတယ်။
ငါပြုံးလိုက်မိတယ်။ဒါက ကလေးတစ်ယောက်ရှိခြင်းရဲ့ ခံစားချက်ဆိုတာများလား?
"သူတို့ဘာလို့များထွက်လာတာပါလိမ့်? အံ့ဩစရာပဲနော်။'' ငါမေးလိုက်တော့ သူတို့အသင့်ဖြစ်ပြီလို့ထင်တဲ့အချိန်ကျရင်ထွက်လာတယ်လို့ သူမအမေကပြောတယ်တဲ့။
ငါရှုပ်ထွေးသွားတယ်။
ငါဆိုလိုတာက ဒီစကားရဲ့အနောက်မှာ အဓိပ္ပါယ်တော့ရှိမှာပေါ့လေ။ဒါကြောင့် အဲ့ဒါကဘာအဓိပ္ပါယ်လဲလို့သူမကိုမေးလိုက်တယ်။သူမပြောတာက သူတို့ဆီမှာ ဘာအန္တရာယ်မှမရှိတော့ဘူးလို့ထင်တဲ့အချိန်ကျရင် ထွက်လာတယ်တဲ့။
နောက်တော့ သူမရဲ့ သက်ပြင်းအရှည်ကြီးချတဲ့အသံကို ငါကြားလိုက်တယ်။
"ဘာဖြစ်လို့လဲ မင်းသမီးလေး?'' ငါမေးလိုက်တယ်။

"Mamaကပြောတယ် သမီးကသူမရဲ့လိပ်ကလေးတဲ့... ဒါပေမဲ့ သမီးကတော့ သမီးအခွံလေးထဲကနေ မထွက်လာနိုင်ဘူးလို့ထင်တာပဲ။'' သူမရှင်းပြတယ်။
ငါမျက်မှောင်ကြုတ်လိုက်မိတယ်။
သူမငါ့အနားနေရတာ လုံခြုံတယ်လို့မခံစားရတာလား။ သူမအနားမှာသူစိမ်းတစ်ယောက်ရှိနေသလိုမျိုး မလုံခြုံးဘူးလို့ခံစားနေရတာလား?
"ဘာလို့အဲ့ဒီလိုပြောတာလဲ? Daddyအနားနေရတာ မလုံခြုံးဘူးလို့ ခံစားနေရလို့လား?'' ငါနောက်ဆုံးတော့ မေးလိုက်ပြီး သူမကိုစဥ်းစားဖို့အချိန်နည်းနည်းလောက်ပေးလိုက်တယ်။
အဲ့ဒီနောက်တော့ သူမငြင်းလိုက်ပြီး သူမဆိုလိုချင်တာက သူမရဲ့ အခုလိုပုံပန်းသွင်ပြင်ကြောင့်ဖြစ်နေတာလို့ပြောတယ်။ငါသူမခေါင်းကိုပုတ်ပေးလိုက်တယ်။
"ရပါတယ် ကလေးရယ်။သမီးက daddyရဲ့ သမီးကလေးအမြဲဖစ်နေမှာပဲ။'' ငါပြောလိုက်တော့ သူမရဲ့အပြုံးက မျက်နှာတစ်ခုလုံးကိုပြည့်သွားစေတယ်။
ငါဒီမနက်၆နာရီခွဲလောက်မှာ မနက်စာပြင်မယ်လို့ ဆုံးဖြတ်ထားတယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now