7

55 5 0
                                    

(Unicode)
Ellie's POV:
ရေခဲမုန့်စားဖို့ ငါစိတ်လှုပ်ရှားနေပြီး စကားတွေပိုပြီးပြောဖို့ ယုံကြည်ချက်ရှိလာတယ်။သူငါ့ကို အချိုပွဲခွံ့ကျွေးတော့ သူ့လိုလိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူ့ပါးစပ်ကိုဖွင့်ခိုင်းလိုက်တော့ သူကငါပြောသလိုလုပ်တယ်။

ဒီလိုစိတ်မလှုပ်ရှားရတာကြာပြီ။ငါအရမ်းပျော်နေတယ်။အဲ့ဒီနောက်တော့ သူကနိုင်ငံခြားဘာသာစကားတစ်ခုကိုပြောလိုက်တယ်။

"Mur-sea? " ငါထပ်ပြောလိုက်တယ်။

သူကခေါင်းငြိမ့်ပြပြီး အဲ့တာက ကျေးဇူးတင်ပါတယ်လို့ ပြင်သစ်လိုပြောတာတဲ့။

သူက နောက်ထပ် စကားလုံးတစ်ခုကိုပြောပြီး အဲ့တာက မင်းသမီးလေးလို့ အဓိပ္ပါယ်ရကြောင်းရှင်းပြတယ်။ သူပေးတဲ့ old nicknameလေးကိုသဘောကျပေမယ့် ဒီဟာလေးကိုတော့ ပိုကြိုက်တယ်။
မင်းသမီးလေးလို့ ​ပြောရင်း ချစ်စရာလေးလို့လည်း ခေါ်သေးတယ်။
ငါ့မျက်နှာကပူလာသလိုပဲ။ဒါပေမယ့် အဲ့တာက အဖျားတက်နေလို့ ပူနေတာနဲ့မတူဘူး။ဒါပေမယ့် ဘာလို့ပူတာလဲတော့ ငါလည်းမသိဘူး။
ခဏကြာ စားပွဲထိုးဝင်လာတာကို ငါမြင်လိုက်တော့ ပါးစပ်ကို အမြန်ပိတ်လိုက်တယ်။
သူစိတ်ပျက်သွားတာကို ငါမြင်လိုက်တယ်။ငါလည်းပဲ စိတ်ပျက်သွားရတာပဲလေ။
ငါအရင်ကလို စကားပြန်ပြောချင်ပေမယ့် ငါ့အဖေအရင်ကပြောခဲ့တဲ့စကားတွေကို ပြန်သတိရသွားတော့ ငါပြန်တိတ်ဆိတ်သွားခဲ့တယ်။
တကယ်လို့ ငါစကားပြောရမယ်ဆိုရင် စိုးရိမ်ပူပန်မှုတွေများလာပြီး ဖိအားတွေများလာသလို ခံစားရလိမ့်မယ်။
ဒါပေမယ့် မှန်ကန်တဲ့စကားလုံးတွေကို ဘယ်အချိန်မှာ ပြောတတ်ရမယ်ဆိုတာ သိထားရမယ်။

"နင်လုပ်လို့ ငါအလုပ်ပြုတ်ရတာ။ဒါတောင်နင်က ကုသမှုခံယူနေတုန်း။ငါဒါကို ဒီနေ့အဆုံးသတ်ပစ်မယ်။'' ငါ့အဖေက ဒေါသတကြီးပြောပြီး ဖန်ပုလင်းကို ရိုက်ခွဲလိုက်တယ်။ ငါထွက်ပြေးပေမယ့် သူငါ့ဆံပင်ကို ဆောင့်ဆွဲလိုက်တယ်။ ''အလျင်မလိုပါနဲ့။နင်လုပ်ခဲ့တာတွေအတွက် ပြန်ပေးဆပ်ရမယ်။'' သူပြောလိုက်တာက ငါ့သွေးတွေကို ခဲသွားစေတယ်။ ငါ့ကိုကြမ်းပြင်ပေါ်ကန်လိုက်ပြီး ဖန်ပုလင်းကို ရိုက်ခွဲလိုက်တော့ ကြေမွသွားတယ်။ ဒါပေမယ့် သူငါ့ဘေးကို ဆက်ကန်တယ်။ ''ဖေဖေ'' ငါခေါ်လိုက်တယ်။ ဒါပေမယ့် သူနားမထောင်ဘူး။ အဖေဟာအမေနဲ့တူတယ်။
"သ-သမီးက ပြသာနာတွေကို မဖြစ်ပေါ်စေပါဘူး။'' ထိုးနှက်ခံနေရတုန်း ငါပြောလိုက်တယ်။ ''နင့်ပါးစပ်ကိုပိတ်ထား! နင့်ကိုပြောလို့ မပြောမချင်း ဘယ်တော့မှမပြောနဲ့!'' သူမထွက်သွားခင် နောက်ထပ်ကန်လိုက်တယ်။ငါအခန်းထဲကို ရွေ့သွားလိုက်ပြီး တံခါးကိုပိတ်လိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now