12

43 6 0
                                    

Unicode

Antonio's POV:

"Sever" ငါခေါ်လိုက်တယ်။

"Yes sir?" သူမ ပြန်ဖြေတယ်။

"မင်း ကလေးလေးတစ်ယောက်ကို မြင်လိုက်သေးလား?" ငါမယဉ်မကျေးနဲ့မေးလိုက်တယ်။

"ကလေးလေးတစ်ယောက်ထိုင်နေတာကိုမြင်လိုက်တယ်။ ဒါပေမယ့် သူမကို ကြည့်ရတာ တစ်စုံတစ်ခုကို ကြောက်နေပုံရတယ်။" Severက ပြန်ဖြေတယ်။

"ကောင်းပြီလေ။ဒါဆို သူမအခုဘယ်မှာလဲ?။" ငါမေးလိုက်တယ်။

"ကျွန်မတို့ လုံခြုံရေးမှတ်တမ်းတွေကို ပြန်စစ်ကြည့်သင့်တယ်။" Severက ပြောတယ်။

"ကောင်းပြီ။မြန်မြန်လုပ်။" ငါပြောရင်း ပြောရင်း ပိုပိုပြီးတော့ စိတ်တိုလာခဲ့တယ်။

Severက စားသောက်ဆိုင်ရဲ့ အနောက်ဘက်ကို အလျင်အမြန်ပြေးဝင်သွားခဲ့တယ်။

 Severမပြန်လာခင်မှာပဲ

Ellieက ရပ်နေပြီးတော့ အပြင်ကိုအကြာကြီးကြည့်နေတာကို ငါတွေ့လိုက်တယ်။

ငါသူမဆီလျှောက်သွားလိုက်တယ်။

"Ellie သမီးကြောင့်ဖေဖေလန့်သွားတာပဲ။"

"သ-သ-သမီး အဖေ့ကိုတွေ့လိုက်တယ်။" သူမ စကားထစ်နေတယ်။

ငါ့လက်နဲ့ သူမဆံပင်တွေကို သပ်ချပေးနေလိုက်တယ်။

"ဒါကြောင့် ကြောက်ပြီးပုန်းနေခဲ့တာလား?" ငါမေးလိုက်တယ်။

သူမ ခေါင်းငြိမ့်တယ်။

"တကယ်လို့ သမီးကြောက်လို့ရှိရင် ဘယ်အချိန်ပဲဖြစ်ဖြစ်ဖေ့ဖေ့ဆီကိုသာ ပြေးလာခဲ့ ဟုတ်ပြီလား?" ငါညင်သာစွာပြောလိုက်တယ်။

ငါအဲ့ဒီလူကို မြင်ရမလားဆိုပြီး အပြင်ကိုဟိုဟိုဒီဒီတစ်ချက်လောက်ချောင်းကြည့်လိုက်ပေမယ့် သူက ငါမမြင်အောင် သေချာလေးပုန်းနေမယ်ဆိုတာ ငါသိနေတယ်။

အဲ့ဒီနောက် Severက ပြန်လာခဲ့တယ်။

"ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အခုသူမကို ရှာတွေ့ပြီ။" ငါပြောရင်း billရှင်းပြီး အဲ့ဒီနေရာကထွက်လာခဲ့တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now