29

13 0 0
                                    

Unicode

Ellie's POV:

ဒယ်ဒီ ငါ့အနားမှာရှိတာက တကယ့်ကို ပျော်ဖို့ကောင်းတယ်။ ဒယ်ဒီအလုပ်ကို ပြန်သွားတာနဲ့ ကလေးအများကြီးက ငါ့ဆီကိုလာကြတယ်။

"အယ်လီ နင့်ရဲ့ဒယ်ဒီက အရမ်းခန့်ညားတာပဲ!" gymအတန်းတုန်းက ငါ့အပေါ်ရိုင်းတဲ့ မိန်းကလေးတစ်ယောက်ကပြောတယ်။

"အယ်လီ နင့်မှာ အရမ်းကောင်းတဲ့အဖေတစ်ယောက်ရှိတာ နင့်ကိုငါ အရမ်းမနာလိုတာပဲ။" အခြားမိန်းကလေးတစ်ယောက်ကပြောတယ်။

"နင့်အဖေကိုကြည့်ရတာ ချမ်းသာမဲ့ပုံပဲ။" ဂီတအတန်းကယောကျာ်းလေးတစ်ယောက်ကပြောတယ်။

ငါစိတ်ဆိုးသွားတယ်။ ဘာလို့လဲဆိုတော့ သူကတကယ်လည်း ချောမောခန့်ညားပြီး ချမ်းသာလို့ပဲလေ!

ငါဘာမှပြန်မပြောနိုင်ခင်မှာပဲ Missပေါ့ပီက ငါတို့ကိုအထဲပြန်ခေါ်လိုက်တယ်။

ဒယ်ဒီထွက်သွားပြီးနောက် ငါသိလိုက်တာက အခြားသူတွေက ငါ့အပေါ်ကောင်းလာကြတယ်။

ရေဗင်တောင်မှပဲ။

"ခန့်ညားတဲ့ဒယ်ဒီမှာ ဘာလို့ နင့်လိုမကောင်းတဲ့သမီးတစ်ယောက်ရှိနေရတာလဲ" သူမစပြောတယ်။

"ဟေး ငါ့ဒယ်ဒီကငါ့ကိုချစ်တယ်။" ငါပြောလိုက်တယ်။

Missပေါ့ပီရဲ့ ငါတို့ကိုတိတ်ဖို့ ပြောလိုက်တာက ငါ့ကိုကယ်ဆယ်လိုက်တယ်။

ငါတို့အတန်းဆီအာရုံပြန်စိုက်လိုက်ပြီး ဆရာမက အသက်မွေးဝမ်းကျောင်းနေ့အကြောင်းပြောလာတဲ့အခါ ငါ့ရဲ့လက်ကို ပထမဆုံးမြှောက်လိုက်တယ်။

"ဟုတ်ပြီ အယ်လီရေ သမီးအဖေရဲ့အသက်မွေးဝမ်းကျောင်းအကြောင်းကို နားထောင်ဖို့မျှော်နေပါမယ်နော်။" Missပေါ့ပီကပြောတယ်။

သူ့အပေါ်သွားရည်ယိုဖို့မျှော်နေတာနဲ့ပိုတူတယ်။

ငါ့စိတ်ထဲမှာပြောလိုက်တယ်။

"ကျေးဇူးပါ။"  ငါပြောရင်းပယ်ချလိုက်တယ်။ ကျောင်းကမြန်မြန်ပဲ လွှတ်သွားတယ်။

ငါမပြေးရုံတမယ်လျှောက်သွားလိုက်တော့ ဒယ်ဒီကကားအရှေ့မှာရပ်နေပြီး လက်ပြနေတာကို ငါတွေ့လိုက်ရတယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now