28

12 0 0
                                    

Unicode

Antionio's POV:

အယ်လီဟောက်နေတုန်း ငါကားကို အိမ်ဆီ ပြန်မောင်းလာခဲ့ပြီး အယ်လီကို ဆိုဖာပေါ်သယ်လာလိုက်တယ်။

ငါတီဗီဖွင့်လိုက်တော့ ဂျီနာရဲ့မျက်နှာကို တွေ့လိုက်ရတယ်။

ငါဂုဏ်ယူမိပေမယ့် သတင်းခေါင်းစဉ်ကို မြင်လိုက်တဲ့အခါမှာတော့ ငါ့နှလုံးတစ်ခုလုံး ပြုတ်ကျသွားသလိုပဲ။

"ဂျီနာ အိုးရှန်း နှင့် ယန်ယန်ဒိတ်နေ" ငါဖတ်လိုက်တယ်။

ငါဒါကိုလက်ခံမှရplayboyမယ်...

သေစမ်း အန်တိုနီယို၊ မင်းကplayboyတစ်ယောက်လေ။ ဒါကမင်းကိုဘာကြောင့်ဒီလောက်နာကျင်စေနေရတာလဲ?

ငါတို့တွဲခဲ့တဲ့၂နှစ်လုံးမှာ နှစ်ယောက်လုံးပျော်ရွှင်ခဲ့ကြတာပဲ...

နောက်တော့ငါကမ်မီလ်ဆီကို ပြန်သွားခဲ့တယ်။

အန်တိုနီယိုလက်ဖျောက်တီးလိုက်တယ်။

ငါ့သမီးကိုကြည့်လိုက်တော့ သူမအိပ်ပျော်နေတုန်းပဲ။

ငါကြည့်ပြီးတာနဲ့ ငါဖုန်းခေါ်လိုက်တယ်။ ငါခေါ်လိုက်တဲ့သူက ဂျီနာကလွဲပြီးဘယ်သူရှိမှာလဲ။

ဒါပေမယ့် ငါကိုင်ပြီးနားဆီကပ်နားထောင်လိုက်တဲ့အခါ ငါညည်းနေတဲ့အသံတွေကို ငါကြားလိုက်ရတယ်။

ကြည့်ရတာသူမအထွတ်အထိပ်ကိုရောက်နေတဲ့ပုံပဲ။

ဒါပေမယ့် ဒါနဲ့တင်လုံလောက်ပါပြီ။

ငါ့ဖုန်းကိုကြမ်းပြင်ပေါ်ပစ်ချလိုက်တယ်။

မင်းက playboyတစ်ယောက်ဆိုတာ သတိရစမ်းပါ အန်တိုနီယို။

"ဒယ်ဒီ" ငါ့သမီးရဲ့အသံက ငါ့ကို ငါ့ရဲ့အတွေးတွေထဲကနေ ဆွဲထုတ်လိုက်တယ်။ ငါ့စိတ်ကိုအရင်လျှော့ချလိုက်တယ်။

"ပြောလေ ဘေဘီ?" ငါပြန်ဖြေလိုက်တယ်။

"အာ ဘာမှမဟုတ်ပါဘူး။" သူမပြောပြီး ဆိုဖာပေါ်ကနေ လျှောဆင်းသွားတယ်။ ထူးဆန်းလိုက်တာ...

သူမစိတ်ထဲတစ်ခုခုဖြစ်နေတာလား?

ငါ Nickelodeon Jrရုပ်သံလိုင်းကိုပြောင်းလိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now