(Unicode)
Antonio's POV:
"Ellie,မင်း ဘာမှလည်းမစားရသေးပါလား'' ငါနူးနူးညံံ့ညံ့ပြောလိုက်တယ်။
ကိုယ့်ဘာသာကိုယ်တောင် အံ့သြသွားတယ်။အခြားလူတွေ၊အခြားကလေးတွေ စား မစား ငါဂရုစိုက်လေ့မရှိပါဘူး။ သူမပြန်မဖြေပဲ ကြမ်းပြင်မှာ စိတ်ဝင်စားစရာတစ်ခုခုကိုတွေ့နေရသလိုမျိုးစိုက်ကြည့်နေတယ်။
"ငါ အခုပဲဆရာဝန်နဲ့ဖုန်းပြောခဲ့တာ သူကမင်းနဲ့တွေ့ချင်တယ်တဲ့'' ငါရှင်းပြလိုက်တော့ သူခေါင်းမော့လာတယ်။
သူ့အကြည့်တွေကို ငါမြင်လိုက်တော့ ငါ့နှလုံးသားကတင်းကျပ်သွားသလိုပဲ။သူမက ဒီလို အနှိပ်စက်ခံနေရတဲ့ဘဝမှာ မနေရသင့်ဘူး။
ငါသူမနဲ့ ညစာသွားစားချင်တယ်။
သူမကိုညှင်ညှင်သာသာကောက်ချီလိုက်ပြီး ဓာတ်လှေကားထဲဝင်လိုက်တယ်။ကားပါကင်ထဲလျှောက်သွားလိုက်ပြီး သူမကိုအနောက်ခုံမှာထားလိုက်တယ်။ကလေးထိုင်ခုံတစ်ခုလောက်တော့ ဝယ်သင့်ပြီလို့ ငါတွေးလိုက်တယ်။
Antonio အခုကိုယ့်ကိုယ်ကို ဘာပြောနေလဲဆိုတာသိရဲ့လား? ငါ့အခြားစိတ်တစ်ဖက်ခြမ်းကပြောတယ်။သူမကို ခေါ်ဖို့ဆုံးဖြတ်ပြီးပြီ။အချစ်တွေက အကောင်းဆုံးမဟုတ်သေးဘူး။ ငါဘာဖြစ်နေတာလဲ?
အခုပဲဒီကလေးနဲ့ဆုံပြီး သူမကငါနဲ့အရင်ကသိခဲ့ဖူးသလိုမျိုး ငါ့ကိုတွယ်ကပ်နေတယ်။ငါတို့ Manhattan Family ဆေးရုံကိုသွားခဲ့တယ်။
ကားကိုပါကင်ထိုးလိုက်ပြီး သူမကိုအပြင်ချီထုတ်လိုက်တယ်။ ငါရဲ့ဘယ်လက်နဲ့ သူမကိုဆဲဲပီး ဆေးခန်းထဲဝင်သွားလိုက်တယ်။"Ah, Mr. Smith ကိစ္စတစ်ခုခုများရှိလို့လား?'' ဧည့်ကြိုကမေးတယ်။
"Dr. Cortez နဲ့တွေ့ချင်လို့'' ငါပြန်ဖြေလိုက်တယ်။ကလေးမလေးက ငါနဲ့နီးနီးကပ်ကပ်နေတာကိုတွေ့တော့ ငါ့နှလုံးသားက ကြည်နူးသွားတယ်။
"ဒါပေါ့'' ဧည့်ကြိုကပြောရင်း Dr. Cortez ဆီကုပ်ချောင်းကုပ်ချောင်းနဲ့ပြေးသွားတယ်။ ''အခန်းနံပါတ်203'' ဧည့်ကြိုကသူ့ကိုပြောရင်း 'တက်'နေသလိုမျိုး မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်။ရုံးခန်းဆီကိုသွားနေရင်း Ellieသူ့နောက်အမှီမလိုက်နိုင်ဘူးဆိုတာ သတိထားမိလိုက်တယ်။အချိန်ကုန်သက်သာအောင်လို့ ငါ့လက်မောင်းကြားသူမတက်လာနိုင်အောင် ဖွင့်ပေးလိုက်တယ်။သူမကိုပွေ့ချီလျက် တံခါးဖွင့်ရတာက စိန်ခေါ်မှုကြီးတစ်ခုလိုပဲ။
YOU ARE READING
Addopted by the Billionaire(Mm Translation)
RandomI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...