6

51 8 0
                                    

Unicode
Antonio's POV:
ငါတို့ရဲ့ညစာက လျင်လျင်မြန်မြန်ပဲရောက်လာခဲ့တယ်။ငါEllieရဲ့ surnameကိုမေးတော့ သူကဂရုမထားသလိုပဲ ပြန်ဖြေခဲ့တယ်။
"Locks'' သူရိုးရိုးရှင်းရှင်းပြောလိုက်ပြီး ဆက်စားတယ်။
ငါတစ်စုံတစ်ယောက်စားတာကို ကြည့်နေရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးခဲ့ဖူးဘူး။
အဲ့ဒါနဲ့ Doctor. Cortez ပို့ပေးလိုက်တဲ့ fileကိုဖွင့်ကြည့်နေလိုက်တယ်။
Eliana Locks

Age 5

Sex:Girl

Weight:39.5lb

Height:3"2(96.52cm)

Father:Henry Locks

Mother:Julia Locks(သေဆုံး)

Siblings(မောင်နှမများ):None

Custody(အုပ်ထိန်းသူ):Henry Locks

Additional notes(နောက်ထပ်မှတ်စု):
Henry Locksဟာ မိန်းမသေဆုံးပြီးနောက် ဘဏ္ဍာရေးကုမ္ပဏီမှ အလုပ်ထုတ်ခံရ။ အရက်နှင့်လောင်းကစားစွဲလမ်းမှုများရှိလာ။ Julia Locksဟာ စားဝတ်နေရေးအတွက် အလုပ်များစွာ လုပ်ခဲ့ရ။

သူမဟာ Ellie's ရဲ့ဆေးကုသမှုအတွက် ငွေပေးချေခဲ့တယ်။
သူမဟာ August 6th,2016 မှာသေဆုံးခဲ့။
သူမရဲ့မိဘတွေဟာ သေဆုံးပြီး။
Conditions:Development delay(ဖွံ့ဖြိုးမှုနှောင့်နှေး),Selective Mutism.

(AN/Selective Mutismဆိုတာဟာ အသက်၂နှစ်မှ ၄နှစ်အတွင်းဖြစ်နိုင်ပြီး မိဘတွေ အပါအဝင်အခြားသူတွေနဲ့ ထိတွေ့ခြင်းမရှိပါဘူး။ဒါတွေဟာ မွေးကင်းစအရွယ် ဒါမှမဟုတ် ကျောင်းစတက်တဲ့အရွယ်မှာဖြစ်နိုင်ပါတယ်။သူတို့ဟာ သူတို့ယုံကြည်စိတ်ချတဲ့လူကလွဲပြီး အခြားဘယ်သူ့ကိုမှ စကားပြောခြင်းမရှိပါဘူး။ထပ်သိချင်ရင် Googleမှာကြည့်ပါ )

ငါ အချက်အလက်တွေကိုနောက်တစ်ခါပြန်ကြည့်တယ်။
ငါတားခဲ့တဲ့လူက Henry Locksလား?
Eliieကို ပြုစုစောင့်ရှောက်ဖို့အတွက်နဲ့ သူ့ဆီကို ပြန်မပေးနိုင်ဘူး။
Doctor. Cortez ရေးခဲ့တဲ့ မှတ်ချက်တွေကို ငါဆက်ဖတ်လိုက်တယ်။
Elianaမှာ သူငယ်ချင်းအများကြီးမရှိဘူး။အင်း...ဒါက ရင်းနှီးဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ငါ့မျက်လုံးကိုလှိမ့်လိုက်ပြီး နောက်ကဟာတွေကို ဆက်ဖတ်လိုက်တယ်။ သူမရဲ့ Selective Mutismကို
Selective Mutism? ဒါကြောင့်သူစကားအများကြီးမပြောတာဖြစ်မယ်။
Selective Mutism ဆိုတာ ဘာလဲ။ဘာကြောင့်ဖြစ်တာလဲ ဆိုတာ ငါရှာဖတ်မှဖြစ်မယ်။
သူမက အသက်ငယ်ငယ်လေးနဲ့ စိတ်ဒဏ်ရာရနေပြီပဲ။
ငါ့ရဲ့ ဂရုစိုက်မှုအောက်မှာ သူမကို မင်းသမီးလေးလို ထားမယ်လို့ ငါဆုံဖြတ်ချက်ချလိုက်ပြီ။

Addopted by the Billionaire(Mm Translation)Where stories live. Discover now