14

29 3 0
                                    

Unicode

Antonio's POV:

တံခါးဝမှာ Jennaကိုငါတွေ့လိုက်တော့ အနှောင့်အယှက်ဖြစ်သွားတဲ့စိတ်ကို မျက်နှာမှာမပေါ်အောင်ထိန်းချုပ်လိုက်တယ်။

ငါတံခါးဖွင့်လိုက်တော့ Ellieကလှုပ်လှုပ်ရှားရှားဖြစ်လာပြီး အခန်းထဲကိုဝင်သွားတယ်။

"Jenna မင်းဒီမှာ ဘာလုပ်နေတာလဲ?" ငါမေးလိုက်တယ်။

"Antonio,ငါနေစရာနေရာတစ်ခုလိုတယ်။ အဲ့ဒါကို ငါ့မိဘတွေကိုပြောပြရမှာလဲရှက်တယ်။" Jenna‌ပြောပေမယ့် သူ့မိဘတွေအကြောင်းလိုက်တဲ့အချိန်မှာ သူမအသံက အက်ကွဲနေတာကို ငါသတိထားမိလိုက်တယ်။

ငါအဲ့ဒီအကြောင်းတွေကို ထပ်မပြောတော့ဘူး။

"ကောင်းပြီလေ။ သမီးက ငါနဲ့ပထမဆုံးစတွေ့ချိန်ကထက်အများကြီးတိုးတက်လာတယ်။" ငါပြောလိုက်တယ်။

"ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် မင်းငါ့သမီးကို ငိုအောင်လုပ်တာပဲဖြစ်ဖြစ် စိတ်ဆိုးအောင်လုပ်တာပဲဖြစ်ဖြစ် မင်းကို ငါ့အိမ်ကနေမောင်းထုတ်ပစ်မယ်။" ငါသတိပေးလိုက်တယ်။

"ကျေးဇူးတင်ပါတယ် Antonioရယ်။ ငါEllieကိုတွေ့ချင်နေတာ ကြာလှပြီ။" Jennaပြောတယ်။

ဒါကပထမဆုံးပဲ။

သူမ ကလေးတွေကို မချစ်တတ်ဘူး။ စိတ်လည်းမဝင်စားတတ်ဘူး။ ဒါပေမယ့် သူမရိုးရိုးသားသားပြောတဲ့ပုံပါပဲ။ ဒါကြောင့် ငါလည်းတခြားဘာမှတွေးမနေတော့ဘူး။ 

"ကောင်းပြီလေ ငါ့မှာ ၄နာရီလောက်ဆို အစည်းအဝေးတစ်ခုတက်စရာရှိတယ်။ မင်းEllieနဲ့ခဏလောက်ဆော့နေပေးလိုက်ပေါ့။" ငါပြောပြီး သူမကိုလက်ဟန်နဲ့ အထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ်။

"Antonio ရှင့်ကိုကျွန်မနောက်တစ်ခါထပ်ပြီး‌တော့ကျေးဇူးတင်ပါတယ်ရှင်။ ရှင့်ကိုစိတ်မပျက်စေရပါဘူး။" Jennaပြောတယ်။

ငါခေါင်းငြိမ့်လိုက်တယ်။

"Jenna မင်းရဲ့ပထမဆုံးတာဝန်က ကလေးထိန်းဖို့ပဲ။ ငါမနက်ဖြန်အစည်းအဝေးတက်စရာရှိတယ်။" ငါပြောလိုက်တယ်။

"ကောင်းပြီလေ။ လုပ်ရမှာနဲ့ မလုပ်ရမှာတွေကိုသာ ရေးပေးခဲ့။" သူမပြောတယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now