13

32 5 0
                                    

Unicode

Ellie POV:

Daddyငါ့ကိုခေါ်တဲ့အချိန် ခန့်ညားတဲ့လူကြီးတစ်ယောက် daddyဘေးမှာရပ်နေတာကို ငါတွေ့လိုက်တယ်။

ဒါကြောင့် daddyဆီကို ငါဖြေးဖြေးချင်းလျှောက်သွားလိုက်တယ်။

Daddyကပြောတယ် အဲ့ဒီလူကြီးက ငါ့ကိုကူညီပေးမှာတဲ့။ပြီးတော့ သူက daddyရဲ့အထက်တန်းကျောင်းတုန်းကအတူတူတက်ခဲ့တဲ့ သူငယ်ချင်းလည်းဖြစ်တယ်တဲ့လေ။

အဲ့ဒီအချိန်သူက ငါ့ဆီကိုဒူးကွေးချလိုက်ပြီး သူက'အသဲလေး'လို့လည်းခေါ်သေးတယ်။ သူစိမ်းတစ်ယောက်က ဒီလိုနာမည်ပြောင်ခေါ်တာကို ငါမကြိုက်ဘူး။ ဒါပေမယ့် ငါသူနဲ့အဆင်ပြေအောင် အတတ်နိုင်ဆုံးနေဖို့ ကြိုးစားနေတယ်ဆိုတာကို daddyသိတယ်။

ဒါပေမယ့်လည်းကျရှုံးခဲ့တာပါပဲလေ။ အဲ့ဒီအချိန် daddyရဲ့အရင်ကအကြောင်းလေးပြောပြမယ်ဆိုတော့ ငါအရမ်းသိချင်သွားတယ်။ သူစရှင်းပြဖို့လုပ်နေပေမယ့် daddyက သူ့ခြေထောက်ကို ကန်လိုက်တယ်။

ပြီးတာနဲ့daddyကပြောတယ် သမီးလူတစ်ယောက်ကိုမကြိုက်ဘူးဆိုရင် သူ့ရဲ့ခြေထောက်ကို တက်နင်းတာပဲဖြစ်ဖြစ် ကန်တာပဲဖြစ်ဖြစ်လုပ်လိုက်လို့ရတယ်တဲ့။

ဒါဆို daddyက သူ့ကို မကြိုက်ဘူးလို့ဆိုလိုတာလား? daddyလုပ်တာမှန်တယ်လို့ငါထင်တာပဲ။ ဒါပေမယ့် ငါ့မှာပိုကောင်းတဲ့အကြံထွက်လာတာနဲ့အမျှ ငါ့မျက်နှာပေါ်က အပြုံးကြီးကလည်းပိုကြီးလာခဲ့တယ်။

ဟိုလူကြီးတဖြည်းဖြည်းနောက်ဆုတ်သွားတဲ့အချိန် ငါအဲ့ဒီလူကြီးရဲ့ခြေထောက်နှစ်ချောင်းကြားဝင်သွားတော့ သူမြေကြီးပေါ်ကျသွားပြီး တုန်နေခဲ့တယ်။

ငါဘာလုပ်မိခဲ့လည်းဆိုတာ သတိမထားမိပေမယ့် ငါစိတ်မကောင်းတော့ဖြစ်မိတယ်။

ငါ့လက်ဖဝါးနှစ်ခုပွတ်နေမိတဲ့အချိန် daddyက ရယ်ရင်းငါ့ကိုချီလိုက်ပြီး ဒါကသမီးအမှားမဟုတ်ဘူး။ ပြီးတော့သူကမနာပါဘူးတဲ့။

ဒါကြောင့် ငါdaddyပြောတာပဲ ယုံလိုက်တယ်။

အချိန်တစ်ခုလောက်ကြာတော့ အဲ့ဒီလူကြီးက မတ်တပ်ရပ်လာပြီး daddyလိုပဲပြောခဲ့တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now