18

23 2 0
                                    

Unicode

Antonio's POV:

ငါအဲ့ဒါကို အိပ်ခန်းထဲမှာ လုပ်ခဲ့ပြီးတော့ ရေကန်ထဲ ရေနွေးတွေပြည့်လာမှာစောင့်ရင်း ဂျင်းနဲ့jacketကိုချွတ်လိုက်ပြီးတော့ အဝတ်လျှော်ခြင်းထဲ ထည့်လိုက်တယ်။

ငါဆိုဖာကိုလည်း သန့်ရှင်းလိုက်သင့်တယ်ထင်တယ်.... ငါတွေးလိုက်တာနဲ့ လက်တွေ့ချက်ချင်းလုပ်လိုက်တယ်။

"Alexa, Maryကိုခေါ်လိုက်" ငါပြောရင်း ခေါင်းလျှော်နေလိုက်တယ်။

"Maryကိုခေါ်နေသည်။" Alexaသူမပြောနေကျ စက်ရုပ်သံနဲ့ပြောတယ်။

"Mr.Smith ကျွန်မဘာများကူညီပေးရမလဲခင်ဗျာ?" သူမမေးတယ်။

"Mary,ဒါကနောက်ကျနေပြီဆိုတာသိပေမယ့် ငါ့ဆိုဖာကို သန့်ရှင်းရေးလာလုပ်ပေးလို့ရမလား?" ငါပြောလိုက်တယ်။

"ဟုတ်ကဲ့ဆရာ။ ကိစ္စမရှိပါဘူး။" Maryပြောတယ်။

"ကျေးဇူးပဲ။ ငါလစာကိုသုံးဆပေးပါ့မယ်။" ငါပြောပြီးတာနဲ့ Alexaကိုဖုန်းချခိုင်းလိုက်တယ်။

‌ရေချိုးပြီးတာနဲ့ ခလုတ်ပိတ်လိုက်ပြီး အဖြူရောင်ကော်ဇောပေါ်ကနေ ဘောင်းဘီအပျော့တစ်ထည်ဝတ်ပြီး ဆံပင်လေမှုတ်လိုက်တယ်။

ငါ Ellieအိပ်ပျော်နေလားဆိုတာ အခန်းတံခါးကိုဖြေးဖြေးသာသာလေးဖွင့်ပြီး တစ်ချက်လောက်သွားစစ်ကြည့်လိုက်တော့ သူမအိပ်ပျော်နေတယ်။

သူမအလျားလိုက်အိပ်ပျော်နေပြီး စောင်ကလည်း အောက်ကိုအားလုံးပုံကျနေတယ်။ သူမအိပ်ပျော်နေတာ ဟောက်သံလေးပါထွက်နေတော့ ငါတစ်ချက်လောက်ရယ်လိုက်မိတယ်။

ငါသူမဘေးကို ဂရုတစိုက်သွားလိုက်တော့ သူမလေးက ပြုံးနေတာကို ငါတွေ့လိုက်ရတယ်။

သူမဘာတွေကို အိပ်မက်မက်နေတာလဲမသိပေမယ့် အိပ်မက်ဆိုးတွေမဟုတ်နေတော့ ငါဝမ်းသာမိတယ်။

သူမမေးစေ့အောက်ထိစောင်ကိုပြန်ခြုံပေးလိုက်ပြီးတော့ နဖူးကို နူးနူးညံ့ညံ့လေးတစ်ချက်နမ်းလိုက်တယ်။

နောက်တော့ သူမတိုးတိုးပြောနေတာတွေ့တော့ သူမဘာပြောနေတာလဲဆိုတာကြားရအောင်လို့ ငါသေချာနားထောင်ပေမဲ့ သေချာမကြားရဘူး။

Addopted by the Billionaire(Mm Translation)Where stories live. Discover now