27

16 0 0
                                    

Unicode

အန်တိုနီယို POV:

ငါ့အမေက အပြင်မှာ နေ့လည်စာထွက်စားကြဖို့ တိုက်တွန်းတယ်။

ကားပေါ်မှာတုန်းက အတော်လေးတိတ်ဆိတ်နေပေမယ့် ဂျိုးဆပ်က ငါMiss Handကိုအလုပ်မဖြုတ်သင့်ကြောင်းပြောနေတယ်။ ငါကဘာထပ်ပြောရမှာလဲ?

ငါဒေါသထွက်ပြီး ပေါက်ကွဲတော့မလိုလုပ်နေတုန်း

မတ်က ငါ့သမီးကို ရုံးကိုခေါ်လာနေစဉ်က ငါတယ်ကိုဒေါသထွက်နေပေမယ့် ငါ့ကလေးလေးကဘေးမှာရှိနေတော့ ငါဒါကိုထိန်းထားရုံပဲတတ်နိုင်တယ်။

ငါ့ရဲ့ဒီဘက်ခြမ်းကို အယ်လီ့ကိုမမြင်စေချင်ဘူး။

ငါအံ့ဩသွားတာက သူမက ငါMiss Handကိုကြမ်းကြမ်းတမ်းတမ်းစကားပြောနေတာကို မမြင်သလိုမျိုး ပုံမှန်လိုပြူမူနေတာကိုပဲ။

ငါကားကိုပါကင်မှာထိုးလိုက်ပြီး ငါ့သမီးလေးအတွက် တံခါးဆင်းဖွင့်ပေးလိုက်တယ်။

ငါတို့ရဲ့ဆက်ဆံရေးကပိုပြီးပွင့်လင်းလာသလိုပဲ။

ငါထင်တာကတော့ ဒါကအဖေတွေရဲ့ အလိုလိုဖြစ်ပေါ်လာတဲ့ ဗီဇပဲဖြစ်မယ်။

ဂျီနာနဲ့s*xဖြစ်ပြီးနောက်ပိုင်း အခြားဘယ်အျမိုးသမီးနဲ့မှ ငါs*xထပ်မလုပ်တော့ဘူး။ သူမကနောက်ဆုံးပဲ။

ငါတို့အဲ့ဒီလိုလုပ်တုန်းကတော်တော်အန္တရယ်များတယ်။

အဆိုးရွားဆုံးဖြစ်ရပ်က ငါမိန်းမတစ်ယောက်နဲ့ကုတင်ပေါ် သို့မဟုတ် ဆိုဖာပေါ်လုံးထွေးနေစဉ် ငါ့သမီးက အခန်းထဲဝင်လာမှာကိုပဲ။

ဒါပေမယ့် ငါအဲ့လိုတွေလုပ်တာကို ရပ်လိုက်ပါပြီ။ ငါ့သမီးကိုအဲ့ဒါတွေ မြင်ခွင့်မပေးနိုင်ဘူး။

ဒါသူမကို သေချာပေါက်အမာရွတ်တစ်ခုဖြစ်စေလိမ့်မယ်။

ငါတို့စားပွဲကိုရောက်တာနဲ့ ငါ့အမေက ငါတို့အတွက် သောက်စရာမှာပေးတယ်။

"ကျွန်တော်တို့ ထုတ်ကုန်က ပြန်တင်သွင်းနေပြီ။'' ငါ့အမေကိုပြောလိုက်တယ်။

နောက်တော့ ငါ့သမီးလေးက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တယ်။

Addopted by the Billionaire(Mm Translation)Where stories live. Discover now