Unicode
သုံးနှစ်ကြာပြီးနောက်,၂၀၂၀ခုနှစ်။
အယ်လီ POV:
ငါ့ကျောင်းလွယ်အိတ်ကိုဆွဲယူလိုက်တယ်။
ငါတို့တိုက်ခန်းကနေ ရွှေ့ပြောင်းလာခဲ့ကြတယ်။
ဒယ်ဒီက တကယ် တကယ့်ကိုကြီးတဲ့ အိမ်ကြီးတစ်လုံးကိုဝယ်ယူလိုက်တယ်လေ။
ငါလည်း မတူတဲ့ကျောင်းကို ရွှေ့ပြောင်းလိုက်ရတယ်။
ငါတို့ဆင်ခြေဖုံးနေရာလေးကို ရွှေ့ပြောင်းလာခဲ့ကြတယ်။
အဲ့ဒါကမြို့နဲ့နီးပေမယ့် မြို့လောက်တော့မစည်ကားဘူး။
ဂျီနာက ငါ့ရဲ့အငှားမိခင်ဖြစ်လာခဲ့တယ်။ ငါ့ရဲ့မွေးစားအဖေ ဟင်နရီလော့ခ်ကတော့ ပြန်လည်ထူထောင်ရေးစခန်းကိုအပို့ခံလိုက်ရတယ်။ (ဒီမှာပြောတဲ့ အငှားမိခင်ဆိုတာ ကိုယ်လည်းမသေချာပါဘူး။ စာရေးဆရာရဲ့မန့်တွေထဲမှာလည်း စာရေးဆရာဘာကိုပြောချင်တယ်ဆိုတာ မသေချာကြပါဘူး။ အဲ့တော့ စာဖတ်သူတို့ကြိုက်သလိုယူဆလို့ရပါတယ်။)
တရားခွင်ရောက်တော့ ငါသူ့ကိုစေတနာမထားပေးတော့ပဲ သူ့ကိုထောင်ထဲပို့ပြီး ပြန်လည်ထူထောင်ရေးစခန်းမှာ နာရီ၅၀၀လူမှုရေးလုပ်ငန်းတွေလုပ်သင့်တယ်လို့ ငါပြောလိုက်တယ်။
ငါ့ရဲ့အဖေရင်း အန်တိုနီယိုစမစ်ဟာ တကယ့် တကယ့်ကိုကြီးတဲ့ကုပ္မဏီကိုပိုင်တဲ့ CEOတစ်ယောက်ဆိုတာ ငါသိလိုက်ရတယ်။
ငါ့ရဲ့ခြောက်နှစ်ပြည့်မွေးနေ့မှာ သူငါ့ကို အီဖယ်တာဝါကိုလိုက်ပို့ပေးခဲ့တယ်။
အဲ့ဒါကအတော်လေးကိုပျော်ဖို့ကောင်းတယ်။
ငါ့အခန်းထဲကိုလည်း လိပ်ကလေးတွေနေဖို့နေရာလေးကိုထည့်ပေးခဲ့တယ်။
၇နှစ်ပြည့်မွေးနေ့မှာလည်း ခွေးလေးတစ်ကောင်ကိုမွေးနေ့လက်ဆောင်အဖြစ်ပေးခဲ့တယ်။
အခု၈နှစ်ပြည့်တော့လည်း ဈေးဝယ်ထွက်ပြီး မွေးနေ့လက်ဆောင်ကိုစိတ်ကြိုက်ရွေးစေခဲ့တယ်။
ငါလက်ဆောင်တွေအများကြီးကို ငါ့စိတ်ကြိုက်ရွေးခဲ့တယ်။
ကလေးတွေ ဘယ်လိုလုပ်တာလဲဆိုတာ ငါသူ့ကိုလုံးဝမမေးခဲ့၊ ငါတကယ်ကိုဂရုမစိုက်ဘူးဆိုပေမယ့်လည်း ငါအခုထိသိချင်မိနေတုန်းပဲ။
YOU ARE READING
Addopted by the Billionaire(Mm Translation)
RandomI'm not own this story. I'm just a translator. Credits to original author. By the way she's so kind. https://www.wattpad.com/story/223853148?utm_source=android&utm_medium=link&utm_content=story_info&wp_page=story_details_button&wp_uname=PhyuSin809...