အခန်း(58)

Start from the beginning
                                    

မြေး​လေး​တွေ​ပြောလိုက်​မှ သူနာပြုဆရာမလက်​ထဲက က​လေး​လေး​တွေကို ဦးဖြိုး​တေဇတို့ ကြည့်​လိုက်​မိကြတယ်

"ဒါက အကြီး ​ယောက်​ကျား​လေးပါ 7​ပေါင်​ ရှိပါတယ်​ ဒါကသုံးမိနစ်​ ခြားတယ့်​ အငယ်​ မိန်းက​လေးပါ 6​ပေါင်​နဲ့ 8​အောင်​စ ရှိပါတယ်​ သခင်​ကြီး"

သူနာပြုနှစ်​​ယောက်​လက်​ထဲ ဖြူဖြူ​ဖွေး​ဖွေး ​မြေး​လေးနှစ်​​ယောက်​ကို ​ဒေါ်​မေမီလင်း နဲ့ ​ဒေါ်မြတ်​မာလာတို့က​ပွေ့ချီလိုက်​ပြီး ဂရုဏာသက်​လိုက်​မိတယ်

"သနားစရာ က​လေး​လေး​တွေ ​မွေးတဲ့အချိန်​မှာ အ​ဖေနှစ်​​ယောက်​ရဲ့ ရင်​​ငွေ့​လေး​တောင်​ မရကြဘူး"

"နို့ထိန်းရှာထားလား"

"ဟုတ်​ကဲ့ ပါသခင်​ကြီး သခင်​​လေးက နို့ထိန်းအ​မေ နှစ်​​ယောက်​ရှာထားပါတယ်​ သခင်​ငယ်​​လေး ခွဲခန်းဝင်​ကတည်းက ကျွန်​​တော်​တို့ဆက်​သွယ်​ထားလို့ သူတို့​တွေ​ရောက်​​နေပါပြီ"

သခင်​​လေးက သူ့က​လေး​လေး​တွေကို မိခင်​နို့ရည်​နဲ့ပဲ ကြီးပြင်း​စေချင်​တာ​ကြောင့်​ သခင်​​လေးက သခင်​ငယ်​​လေးမ​မွေးခင်​ကတည်းက သခင်​ငယ်​​လေးက ​မွေးလာမယ့်​က​လေး​လေး​တွေကို နို့တိုက်​ဖို့ အဆင်​မ​ပြေမှန်းသိလို့ မျိုးနွယ်​စုထဲက နို့ထိန်းအ​မေနှစ်​​ယောက်​ရှာဖို့ မင်းမင်းတို့ကို ​ပြောထားတာ နို့ထိန်းအ​မေနှစ်​​ယောက်​ကိုလည်း လွန်​ခဲ့တဲ့ ​ခြောက်​လ​လောက်​ကတည်းက တလကိုတကြိမ်​ ​ဆေးလည်း စစ်​ထား​သေးတယ်

"​မြေး​လေး​တွေကို နို့ထိန်းအ​မေဆီပို့လိုက်​​တော့ က​လေး​လေး​တွေဗိုက်​ဆာ​နေ​တော့မယ်​"

"ဟုတ်​ကဲ့ပါ သခင်​ကြီး"

"ကျွန်​မတို့ သား​တွေကို သွားကြည့်​ရ​အောင်​"

ဆေးရုံရဲ့ vipအခန်းထဲမှာ ဟိုဖက်​ကုတင်​နဲ့ ဒီဖက်​ ကုတင်​မှာ ​မေ့​မျော​နေတဲ့ သားနှစ်​​ယောက်​ကို ကြည့်​ပြီး အ​မေနှစ်​​ယောက်​ မျက်​ရည်​​တွေကျမိတယ်

ဦးစဝ်​သင်္ခါတို့ သားတို့ကို ​စောင့်​ကြည့်​​နေတုန်းမှာပဲ

mysterious fateWhere stories live. Discover now