အခန်း(49)

Start from the beginning
                                    

"အဲကိုသွားမယ်​"

"ဟိုမှာ သခင်​​လေးတို့"

ဆုလာဒ်​တို့ လက်​ဖက်​ခင်း​တွေနား​ရောက်​​တော့ အနက်​​ရောင်​လူအုပ်​ကြီးနဲ့ အသဲအသန်​ တိုက်​ခိုက်​​နေတဲ့ လူသုံး​ယောက်​ကို​တွေ့လိုက်​ရတယ်​ ဆုလာဒ်​တို့လည်း ကား​ပေါ်က ​ဘေ့စ်​​ဘော ရိုက်​တံ​တွေယူပြီး လူအုပ်​ကြားထဲ​ပြေးပြီး ​တွေ့ရာလူကို ရိုက်​ချလိုက်​တယ်

ဆုလာဒ်​တို့ ဝင်​ချလိုက်​တာနဲ့ တိုက်​ခိုက်​​နေတဲ့လူ​တွေက အား​ပျော့သွားပြီး တ​ယောက်​ပြီးတ​ယောက်​ လဲကျသွား​တော့တယ်

"ချစ်​လုံး​လေး"

"ကိုကြီး"

ကိုကြီးမျက်​နှာ​ပေါ်က အညိုအမဲဒဏ်​ရာ​တွေ မြင်​လိုက်​ရတဲ့ ခနမှာပဲ ဆုလာဒ်​​ဒေါသ​တွေ အဆုံးစွန်​ ​ပေါက်​ကွဲသွား​တော့တယ်

"​တောက်​ ​ခွေးမသား​တွေ"

ဆုလာဒ်​ရဲ့ ​ဘေ့စ်​​ဘောရိုက်​သံ​တွေက ဆူညံ​နေ​တော့တယ်
15မိနစ်​​လောက်​ကြာပြီးတဲ့အချိန်​မှာ​တော့ အနက်​​ရောင်​ ဝတ်​ထားတဲ့ လူ​တော်​​တော်​များ ​မြေကြီး​ပေါ် လဲကျကုန်​ပြီး တချို့က​တော့ ထွက်​​ပြေးသွား​တော့တယ်

"ချစ်​လုံး​လေး ဘာဖြစ်​သွား​သေးလဲ"

ဆုလာဒ်​ ​ခေါင်းခါယမ်းလိုက်​ပြီး ကိုကြီး မျက်​နှာကို ထိလိုက်​ပြီး မျက်​ရည်​​တွေဝိုင်းလာမိတယ်​ ဆုလာဒ်​ ခုချိန်​မှာ ​ကောင်း​ကောင်းနားလည်​ လိုက်​တာတခုက ဆုလာဒ်​ဘယ်​လိုမှ ကိုကြီးကို အထိခိုက်​မခံနိုင်​ဘူးဆိုတာပဲ

"ကိုယ်​ဘာမှမဖြစ်​ဘူး ချစ်​လုံး​လေး နည်းနည်း​လောက်​ထိုးမိသွားတာ ဘာမှမဖြစ်​ဘူး​နော်​"

"ဘာလို့ ဘာမှမဖြစ်​ရမှာလဲ ဒဏ်​ရာ​တွေအများကြီးပဲ ​တောက်​ အဲ​ကောင်​​တွေ"

"စိတ်​​လျော့​တော့​နော်​ က​လေး​လေး စိတ်​​လျော့ ကိုယ်​ဘာမှမဖြစ်​​တော့ဘူး"

"သခင်​​လေး မင်းမင်းနဲ့ ​ဝေယံက​ဆေးရုံပို့မှဖြစ်​မယ်​ ​ ထင်​တယ်​ "

"အင်း တိမ်​ယံ ဒီ​ကောင်​​တွေ စံအိမ်​ကို ​ခေါ်သွားပြီး ​မြေ​အောက်​ခန်းမှာထားလိုက်​"

mysterious fateWhere stories live. Discover now