အခန်း(41)

Start bij het begin
                                    

"အစ်​ကို ဘယ်​လို​ခေါ်လိုက်​တယ်​"

"ချစ်​လုံး​လေး​လေ"

"ညီ့ကို တနလာင်္​နေ့ တရုတ်​လို​ပြောကြ​တော့ ကိုယ်​က ဘယ်​လို​ခေါ်လဲ"

"​ပေါင်​​ပေ့"

"ဒါဆို အင်္ဂါ​နေ့ eng လို့​ပြော​တော့​ရော"

"Honey​လေ"

"ဗုဒ္ဓဟူး​နေ့ ကိုးရီးယားလို့​ပြော ​တော့ အယ်​ဂီ လို့​ခေါ်တယ်​ ဟုတ်​တယ်​မလား"

"ဟုတ်​တယ်​​လေ "

"ဒါဆို ကျန်​တဲ့​နေ့​တွေမှာ ချစ်​လုံး​လေးလို့​ခေါ်မယ်​​လေ ညီဆိုတာက ဇာနည်​တို့ကိုလည်း ​ခေါ်​နေတာဆို​တော့ ကိုယ့်​​ယောက်​ကျား​လေးကို တခြားသူနဲ့မတူတဲ့ နာမ်​စား​လေးသုံး​ပေးရမှာ​ပေါ့"

"အဲဒါဆို ဘာလို့ချစ်​လုံးလဲ ညီက ပုပုလုံးလုံး​လေး ဖြစ်​​နေလို့လား"

"ဟ မဟုတ်​ပါဘူးကွာ ကိုယ့်​အချစ်​​တွေကို အကုန်​လုံး ချစ်​လုံး​လေးကို ​ပေးထားတာမလို့ပါ "

"ဘဲကြီးက talkie ​တော့​ရေ​ရေလည်​လည်​​ကောင်းတယ်​​နော်​"

"အချစ်​နဲ့​တွေ့သွားလို့ နှလုံးသားထဲက စကားလုံး​တွေအလိုလိုထွက်​ကျလာတာပါ"

"အ​ပြောမှာတင်​ ​ရေ​ရေလည်​လည်​ ရင်​​တွေခုန်​​နေပါပြီ​နော်​"

"ရင်​ခုန်​သံ​တွေက ကိုယ့်​ကိုချစ်​တယ်​လို့များ ​ပြော​နေတာလား"

"ဟာ အစ်​ကို့ကို​တော့ တကယ်​မနိုင်​ဘူး"

"ကိုယ့်​ကို​ရော ဇာနည်​တို့နဲ့ မတူတဲ့ နာမ်​စား​လေးများ မသုံးချင်​ဘူးလား ချစ်​လုံး​လေး"

"ဘယ်​လို​ခေါ်ရမလဲ ကိုကိုလို့​ခေါ်​စေချင်​လား ဒါမှမဟုတ်​ ​daddy လို့​ခေါ်​ပေးရမလား အင်း...အရမ်း​တွေ လမ်း​ပျောက်​​နေပါပြီ​နော်​"

"ချစ်​လုံး​လေးသ​ဘော"

"ကိုကြီး"

"ချစ်​လုံး​လေး"

"ကိုကြီးလို့ပဲ​ခေါ်မယ်​ ချစ်​လုံး​လေးရဲ့ ကိုကြီး အဟား မိုက်​တယ်​မလား အဲ ကိုကြီး ဘာလုပ်​တာလဲ"

mysterious fateWaar verhalen tot leven komen. Ontdek het nu