အခန်း(40)

Začít od začátku
                                    

တ​တောက်​​တောက်​နဲ့ ကျ​နေတဲ့​သွေး​တွေများလာတဲ့​နောက်​မှာ နှင်းနှင်း​ရော ​ကျော်​ဇင်​​ရော သတိလစ်​သွားပင်​မယ့်​ သခင်​​လေးအမိန့်​မရတာ​ကြောင့်​ ကြာပွတ်​သံ​တွေက​တော့ ဆက်​ပြီးထွက်​​ပေါ်​နေတယ်

ဆုလာဒ်​မြင်​လိုက်​ရတဲ့မြင်​ကွင်း​ကြောင့်​ အလန့်​တကြားတားလိုက်​မိတယ်

"ဟာ ​ကော​ကော ​တော်​ပါ​တော့ ​သေသွားလိမ့်​မယ်​"

"ကို​ဝေယံနဲ့ ကိုမင်းမင်းလည်း ရပ်​​တော့​လေ"

"ရပ်​လိုက်​"

"ဒီ​နေ့ မြင်​ခဲ့တဲ့ အရာအားလုံးကို ​ခေါင်းထဲမှာ​သေချာစွဲ​အောင်​ ကြည့်​ထား ​နောက်​အခါ သခင်​​တွေကို မ​လေးမစားလုပ်​ရင်​ အဲ့ထက်​ဆိုးတဲ့ အဖြစ်​​တွေကို မြင်​ရမယ်​"

"ဟုတ်​ကဲ့ပါ သခင်​​လေး"

"ဒီ​နေ့ကစပြီး တလတိတိ တတိယအိမ်​​တော်​ရဲ့ ဝင်​​ငွေအားလုံးပိတ်​ပင်​တယ်​ စန္ဒာနဲ့ ဒီနှစ်​​ယောက်​ကို တသက်​တာလုံး အိမ်​​တော်​ထဲ​ ​ခြေ ချခွင့်​ ပိတ်​ပင်​တယ်​"

အစ်​ကို့ရဲ့တည်​တင်း​နေတဲ့ မျက်​နှာ​ကြောင့်​ ဆုလာဒ်​နည်းနည်း​တော့လန့်​သွားမိတယ်​ အစ်​ကိုက အမြဲတမ်းပြုံး​နေတဲ့လူဆို​တော့ အစ်​ကို အဲလိုစိတ်​တိုပြီး ​သွေး​အေး​အေးနဲ့ ရိုက်​နှက်​တာကို ထိုင်​ကြည့်​​နေနိုင်​မယ်​လို့ ဆုလာဒ်​တခါမှမထင်​ခဲ့ဘူး တကယ်​ဆိုမနှုတ်​ဆက်​တာ​လောက်​က ​သွေးထွက်​​အောင်​ရိုက်​နှက်​ ရ​လောက်​​အောင်​ အပြစ်​မကြီးဘူးလို့ ဆုလာဒ်​ထင်​တာပဲ

"​ပေါင်​​ပေ့သွားမယ်​"

"ဟုတ်​ ​ကော​ကော"

ညိုလုံး​လေး​ နည်းနည်းလန့်​သွားမယ်​ဆိုတာ စဝ်​သ​ဘော​ပေါက်​လိုက်​တယ်​ ပုံမှန်​အားဖြင့်​ နှုတ်​မဆက်​တာက အပြစ်​အဲ​လောက်​မကြီးပင်​မယ့်​ တတိယအိမ်​​တော်​ဖြစ်​​နေတာ​ကြောင့်​ စဝ်​ သတိထားကိုင်​တွယ်​မိတာ စန္ဒာကို ကြင်​ယာ​လောင်းဆိုပြီး သတ်​မှတ်​ဖို့ တတိယအိမ်​​တော်​ကရည်​ရွယ်​ထားခဲ့တာ သတ်​မှတ်​အရည်​အချင်းလည်းရှိပြီး ​သွေးအမျိုးအစားလည်းတူ​တော့ စပ်​သာ ညိုလုံး​လေးကို မရခဲ့ရင်​ အသက်​25နှစ်​ပြည့်​တာနဲ့ ထိန်းမြားရ​တော့မှာ

mysterious fateKde žijí příběhy. Začni objevovat