အခန်း(31)

Start from the beginning
                                    

"သူတို့က ငယ်​ငယ်​​လေးကတည်းကအတူတူကြီးလာတာဆို​တော့ အဲလိုပဲ ထိုင်​​မောင်​​လေး"

"ဟုတ်​ကဲ့ မမ"

"မမက သားငယ်​​လေးရဲ့ အမကြီး ဖြိုးသံသာ ပါ ဒါက မမလတ်​ ဖြိုးသဒ္ဓါပါ မမတို့ကခွင့်​မရ​တော့ မင်္ဂလာပွဲကို မလာလိုက်​ရတာ"

"ဟုတ်​ကဲ့ မမ ကျွန်​​တော်​ကစဝ်​မင်းမာန်​ခပါ မင်္ဂလာပွဲကအ​လောတကြီးဖြစ်​သွားတာ​ကြောင့်​ပါမမ အဲဒီအတွက်​လည်းကျွန်​​တော်​​တောင်းပန်​ပါတယ်​"

"အို ​တောင်းပန်​စရာမလိုပါဘူး မမတို့ကသာအားနာ​နေရတာ"

"​မေ ​ဖေ​ရော"

"သား​ဖေက ​ရေချိုး​နေတယ်​ ​အော်​ ဟိုမှာဆင်းလာပါပြီ"

"​ဖေ"

"သားငယ်​​လေးတို့​ရောက်​လာပြီလား"

"ဟုတ်​တယ်​ ​ဖေ"

အားလုံးဧည့်​ခန်းက ထိုင်​ခုံမှာထိုင်​လိုက်​ကြပြီး ဆုလာဒ်​က​တော့ ရတီနဲ့ဇာနည်​ကြားမှာ ညှပ်​​နေပြီး ဆုလာဒ်​ကိုအစ်​ကို့အ​ကြောင်း တိုးတိုး နဲ့ ​မေး​နေတာကို​ဖြေ​နေရတာ​ပေါ့

"သားတို့ ခုဘယ်​မှာ​နေကြမလဲ ​ဖေတို့နဲ့​နေမလား"

"ညီ့သ​ဘောပါ သပ်​သပ်​​နေချင်​တယ်​ဆိုရင်​​တော့ ရန်​ကုန်​မှာ လက်​ရှိ ကျွန်​​တော်​ ​နေတဲ့အိ​မ်​ နဲ့ condo ​တွေရှိပါတယ်​ အိမ်​က​တော့ ​ဖေတို့နဲ့ နီးပါတယ်​ တလမ်း​ကျော်​​လေးတင်​ပါ "

"သားငယ်​​လေးက​ရော"

"ဟို ​မေတို့နဲ့လည်း​နေချင်​တယ်​ ဒါပင်​မယ့်​ အစ်​ကို​နေရခက်​မှာလည်းစိုးတယ်​ မမတို့လည်းရှိ​နေ​တော့"

"ကိုယ်​အဆင်​​ပြေပါတယ်​"

"ဟုတ်​ပါတယ်​ အိမ်​​ထောင်​လည်းကျပြီးပြီဆို​တော့ သားတို့သပ်​သပ်​​နေကြပါ အိမ်​လည်းနီးတာပဲ"

"ဟုတ်​ကဲ့ပါ ​ဖေ "

"ထမင်းစားပြီးမှ ပြန်​ကြ​ပေါ့ သားငယ်​​လေး သားကြီးကို သားအခန်းလိုက်​ပို့ပြီးမှ သားသူငယ်​ချင်း​တွေနဲ့ဆက်​​ပြော​လေ ပင်​ပန်း​နေမှာ​ပေါ့"

mysterious fateWhere stories live. Discover now