အခန်း(24)

Start from the beginning
                                    

"ဟို အစ်​ကိုနဲ့လက်​ထပ်​ထားတာကို ​လေ ကျွန်​​တော်​ ဘယ်​သူကိုမှမ​ပြောပြချင်​ဘူး"

ဘာမှမ​ပြောပဲ ငြိမ်​သွားတဲ့အစ်​ကို့​ကြောင့်​ ဆုလာဒ်​စိတ်​ပူသွားတယ်

"အစ်​ကို စိတ်​ဆိုးသွားတာလား ကျွန်​​တော်​က​လေ ဟို "

"ကိုယ်​နားလည်​တယ်​ညီ ညီရှင်းပြစရာမလိုဘူး ညီဖြစ်​​စေချင်​တဲ့အတိုင်းဖြစ်​​စေရမယ်​ အိပ်​​တော့ ပင်​ပန်း​နေပြီ"

အစ်​ကို စိတ်​မ​ကောင်းဖြစ်​သွားတာသိပင်​မယ့်​ ဆုလာဒ်​ဘယ်​လိုနှစ်​သိမ့်​​ပေးရမှန်းမသိလို့ ငြိမ်​ပြီးသာအိပ်​​နေလိုက်​မိတယ်​ တကယ်​​တော့ ဆုလာဒ်​မ​ပြောချင်​တာမဟုတ်​ပါဘူး ဆုလာဒ်​က အသက်​​တောင်​မပြည့်​​သေးပဲ လက်​ထပ်​ထားတာသိရင်​ သူငယ်​ချင်း​တွေ စမှာကို ရှက်​လို့ လက်​ထပ်​ထားတယ်​ဆိုတာကို မသိ​စေချင်​တာပါ

အိပ်​​ပျော်​သွားတဲ့ ညိုလုံး​လေးကိုကြည့်​ပြီး ဆံပင်​​လေးကိုငုံ့နမ်းလိုက်​မိတယ်

Mr.Sao Min Man Kha & Mr. phyo Hsu Latt
ဘန်​​ကောက်​တရားရုံးက​နေ အသိအမှတ်​ပြုလိုက်​တဲ့ လက်​ထပ်​မှတ်​ပုံတင်​​လေးကိုင်​ပြီး စပ်​ပြုံးလိုက်​မိတယ်​ ခုဆို ညိုလုံး​လေးကို စဝ်​တရားဝင်​ပိုင်​ဆိုင်​သွားပြီ​လေ

"အစ်​ကို"

"​ပြော​လေ ညီ"

"​မေတို့က မြဘုရားသွားဖူးမလို့တဲ့"

"ညီက ဘယ်​သွားချင်​လို့လဲ ​မေ တို့နဲ့ အတူမလိုက်​ပဲ"

"ဒီမှာ​လေ ​ကြောင်​​လေး​တွေရှိတဲ့ coffeeဆိုင်​​တွေ​ပေါတယ်​ဆို ညီအဲဒါ သွားချင်​လို့ ပြီး​တော့ ဆာဖာရီဥယာဉ်​တို့ ​ရေခဲကမ္ဘာတို့သွားချင်​​သေးတယ်​ အစ်​ကိုလိုက်​ပို့​ပေးမလား"

"အစ်​ကိုနဲ့ စကား​ပြောတဲ့အခါ အခု​ပြောသလို​လေး ညီ လို့သုံး​ပေးပါလား ကျွန်​​တော်​ ကျွန်​​တော်​နဲ့​ပြောတာက ညီနဲ့ အစ်​ကို့ကို သူစိမ်းဆန်​​စေတယ်​လို့ထင်​တယ်​"

"အစ်​ကို ကလည်း"

"ညီက ခုချိန်​ထိ ကိုယ့်​ကို မရင်းနှီးချင်​တာလား"

mysterious fateWhere stories live. Discover now