အခန်း(22)

Začít od začátku
                                    

"ဒါဆို အစ်​ကို​ပြောချင်​တာက အစ်​ကိုကကျွန်​​တော်​ကို ချစ်​လို့ ဝတ်​လို့ရတာ​ပေါ့ အဲလို့လားအစ်​ကို"

"အင်း"

ဘာမှမ​ပြောပဲ ငြိမ်​ကျသွားတဲ့ ညိုလုံး​လေး​ကြောင့်

"ညီ့ စိတ်​ထဲမှာ နားလည်​ရခက်​တာ အစ်​ကိုနားလည်​တယ်​ တကယ်​ဆို အစ်​ကို ညီ့ကိုဖွင့်​​ပြောဖို့ စိတ်​ကူးမရှိဘူး ညီက အရမ်းချစ်​ဖို့​ကောင်း​နေလို့ ကိုယ်​ဖွင့်​​ပြောလိုက်​မိတာ"

"ဘယ်​အချိန်​ကတည်းကလဲ ကျိန်​စာ အသက်​ဝင်​ကတည်းကလည်း ဒါမှမဟုတ်​ ကျိန်​စာ​ကြောင့်​ အဖြစ်​မ​နေချစ်​ရတာမလို့လား"

"အ ဟ ညီရယ်​ လူကိုမဖြစ်​မ​နေချစ်​ခိုင်းလို့ရလို့လား"

သွားစွယ်​​လေး​ပေါ်​အောင်​ရီရင်း ပြန်​​မေးလိုက်​တဲ့ အစ်​ကို​ကြောင့်​ ဆုလာဒ်​ဘာပြန်​​ပြောရမှန်းမသိ​အောင်​ ​ငေးကြည့်​လိုက်​မိတယ်​ အစ်​ကို့ရဲ့အဲသွားစွယ်​​လေး​တွေ ​ပေါ်လာရင်​ ဘာမှမ​တွေးပဲ ​ငေးကြည့်​မိတာ ဆုလာဒ်​ရဲ့အားနည်းချက်​ပဲ​လေ

"​ဒေါက်​ ​ဒေါက်​"

အစ်​ကိုက ကုတင်​​ဘေးနားက remote တခုနဲ့ တံခါးဖွင့်​​ပေးလိုက်​​တော့ အိမ်​​တော်​ထိန်းကို​တွေ့လိုက်​ရတယ်

"သခင်​​လေး သခင်​ငယ်​​လေး သခင်​မကြီးက ကံကြမ္မာဖတ်​ဖို့ ဆရာကြီး ကြွ​ရောက်​​နေလို့ ဘုရားခန်းကို လာခဲ့ဖို့မှာလိုက်​ပါတယ်​"

"ဟုတ်​ပြီ ကျွန်​​တော်​လာခဲ့မယ်​"

"အစ်​ကိုတို့​နောက်​မှဆက်​​ပြောကြတာ​ပေါ့ မယ်​မယ်​တို့ဆီအရင်​သွားရ​အောင်​"

အစ်​ကိုကထလိုက်​ပြီး ထွက်​သွားဖို့ပြင်​လိုက်​တာ​ကြောင့်​ ဆုလာဒ်​ကအစ်​ကို့လက်​ကိုဆုပ်​ကိုင်​လိုက်​ပြီး

"အစ်​ကို ကံကြမ္မာဖတ်​ဖို့ဆိုတာ"

"အစ်​ကိုတို့မျိုးနွယ်​မှာ ဆက်​ခံသူ​တွေနဲ့ လက်​တွဲ​ဖော်​​တွေရဲ့ ကံတရားကို​ဟော​ပြော​ပေးတဲ့ဆရာကြီးရှိတယ်
အဲဆရာကြီးက ဘယ်​မှာ​နေမှန်း​သေချာမသိပင်​မယ့်​ ဆက်​ခံသူ​တွေ ထိမ်းမြားလက်​ထပ်​တဲ့​နေ့ဆို အိမ်​​တော်​ကိုအမြဲလာပြီး ​ဟော​ပြော​ပေး​လေ့ရှိတယ်​"

mysterious fateKde žijí příběhy. Začni objevovat