အခန်း(17)

Start from the beginning
                                    

"ခုဆိုရင်​ ကျွန်​​တော်​နဲ့ ညီက ဘဝတသက်​တာလုံး လက်​တွဲသွားရမယ့်​လူ​တွေပါ ကျွန်​​တော်​ရဲ့လက်​တွဲ​ဖော်​ ကို တရားဝင်​အသိအမှတ်​ပြုထားတဲ့ လက်​ထပ်​ပွဲမျိုးကို ဖန်​တီး​ပေးချင်​တယ်​"

"သားမှာအစီအစဉ်​ရှိ​နေတယ်​ လို့မယ်​မယ်​ထင်​တယ်​"

"ဟုတ်​တယ်​ မယ်​မယ်​ ဒီနယ်​တဝိုက်​မှာ သားက ဆက်​ခံသူ သခင်​​လေးဖြစ်​​ကြောင်း လူတိုင်း သိသလို သားရဲ့လက်​တွဲ​ဖော်​ကလည်း သားနည်းတူဆက်​ခံသူသခင်​​လေးဖြစ်​ရမယ်​"

"ဒါက မဖြစ်​နိုင်​ဘူးထင်​တယ်​ ဆက်​ခံသူဆိုတာ မျိုးနွယ်​တခုလုံးနဲ့သက်​ဆိုင်​တဲ့ကိစ္စပဲ မျိုးနွယ်​စု တခုလုံး ဆက်​ခံသူရဲ့အမိန့်​ကိုနာခံရတာ ​လေးစားရတာ သားလည်းသိ​နေတာပဲ သားရဲ့ ကြင်​ယာဖက်​ကို မျိုးနွယ်​ တခုလုံးက​လေးစားမှာပါ ဒါပင်​မယ့်​ ဆက်​ခံသူအဖြစ်​သတ်​မှတ်​ဖို့က​တော့"

"ကျွန်​​တော်​​တောင်းဆိုတာမဟုတ်​ဘူး မျိုးနွယ်​စု ဆက်​ခံသူ ​ခေါင်း​ဆောင်​အ​နေနဲ့ အမိန့်​​ပေးတာ လက်​ခံရမယ်​"

"သား"

"မယ်​မယ်​ ဘာမှမ​ပြောပါနဲ့​တော့ သားရဲ့လက်​ထပ်​ပွဲ​နေ့ကျရင်​ ညီ့ကိုပါဆက်​ခံသူအဖြစ်​​ကြော်​ငြာမယ်​ အဲဒါကို အားလုံးကလက်​ခံရမယ်​ ပြီး​တော့ သားနဲ့ ညီရဲ့ လက်​ထပ်​ပွဲကို တရားဝင်​ဖြစ်​​အောင်​ ဘန်​​ကောက်​က တရားရုံးမှာ လက်​ထပ်​မယ်​"

"​ကောင်းပြီ​လေ သားဖက်​က ​သေချာဆုံးဖြတ်​ပြီးရင်​လည်း ​ပေါ့ က ဘာမှမကန့်​ကွက်​​တော့ပါဘူး သား​ရဲ့ဆုံးဖြတ်​ချက်​ကိုလက်​ခံ​ပေးမယ်​"

"​ကျေးဇူးတင်​ပါတယ်​ ​ပေါ့(အ​ဖေ) ဦးနဲ့အန်​တီ ကျွန်​​တော်​ ညီ့ကို တရားဝင်​အသိအမှတ်​ပြုပြီးပဲ လက်​ထပ်​ချင်​တယ်​ အဲဒါ​ကြောင့်​ ခုလိုစီစဉ်​ရတာပါ ကျွန်​​တော့်​ကိုခွင့်​ပြု​ပေးပါ ညီလည်းအစ်​ကို့ကိုခွင့်​ပြု​ပေးပါ"

"သားတို့အဆင်​​ပြေရင်​ ပြီးတာပါပဲ ​မေ တို့ဖက်​က ခုချိန်​မှာသားတို့အဆင်​​ပြေရင်​ ပြီးတာပါပဲ"

mysterious fateWhere stories live. Discover now