အခန်း(6)

Start from the beginning
                                    

"​မေ​ရေ သွားသာသွားလိုက်​​တော့ ​မေ့သားက ထိန်းလို့ကိုမနိုင်​​တော့ဘူး"

မမလတ်​စကား​ကြောင့်​ ဆုလာဒ်​ကိုကြည့်​ ပြီးတအိမ်​လုံးကဝိုင်းရီ​နေ​တော့တယ်​ ဆုလာဒ်​တို့်​မိသားစုမှာ သားသမီ3း​ယောက်​ထဲမှာ ဆုလာဒ်​ကအငယ်​ဆုံးလည်းဖြစ်​ သားတ​ယောက်​ထဲလည်းပါ​တော့ အမ​တွေ​ရော မိဘ​တွေ​ရောအချစ်​ခံ​လေး​ပေါ့ အမ​တွေနဲ့က 8နှစ်​ 10နှစ်​​လောက်​ကွာပြီးရလာတာ​ကြောင့်​ အိမ်​ရဲ့ ဆုလက်​​ဆောင်​အဖြစ်​ရလာတယ်​ဆိုပြီး ဖြိုးဆုလာဒ်​ဆိုပြီး နာမည်​​ပေးထားတာ​ပေါ့

"သားငယ်​​လေး ဘာ​တွေ​တွေး​နေတာလဲ ​ဖေ ​တောင်​ကား​ပေါ်​ရောက်​​နေပြီ"

"လာပြီ ​မေ ​ရေ"

ရန်​ကုန်​နည်းပညာတက္ကသိုလ်​ ဆိုတဲ့ ဆိုင်းဘုဒ်​ကြီး ကိုကြည့်​ပြီး ဆုလာဒ်​​ပျော်​​နေမိတယ်

"သား သားသူငယ်​ချင်း​တွေ​ရောက်​​နေပြီလား"

"ရတီ​ရော ဇာနည်​​သွေး​ရော​ရောက်​​နေပြီလို့ ​ပြောတယ်​ ​မေ ​မေ ​ကျောင်းကမိုက်​တယ်​​နော်​ ​ဖေ ဟို မှာ ရတီတို့ "

YTU ရဲ့ main building ​အောက်​မှာရပ်​​စောင့်​​နေတဲ့ ရတီနဲ့ဇာနည်​ကို​တွေ့လိုက်​တာ​ကြောင့်​ ​ဖေ ကိုအမြန်​​ပြောပြီးရပ်​ခိုင်းလိုက်​မိတယ်

"​မေမီ သားနဲ့ ဆင်းနှင့်​ ကိုယ်​ car parking ထိုးဖို့​နေရာရှာလိုက်​အုံးမယ်​"

"ရတီ ဇာနည်​"

"Prize နင်​​နောက်​ကျလိုက်​တာ အန်​တီမင်္ဂလာပါ"

"​အေး မင်္ဂလားပါ သမီး​လေး သမီးကအမြဲလှ​နေတာပဲ သားလည်း အရပ်​ရှည်​လာတယ်​​နော်​ ဇာနည်​"

"ဟုတ်​တယ်​အန်​တီ ​ကျောင်းပိတ်​တုန်း gym ​ဆော့ဖြစ်​​နေလို့"

"​မေ သားတို့ form သွားထုတ်​လိုက်​အုံးမယ်​ ရတီ​အမေ တို့နဲ့ ခန​နေခဲ့​နော်​ "

ကျောင်း အပ်​ရက်​ဖြစ်​​နေ​တော့ ​ကျောင်းသား​တွေအများကြီး​ကျောင်းသား​ရေးရာဌာန မှာတိုးကြိတ်​​နေတာ​ကြောင့်​ ဆုလာဒ်​တို့လည်း အတင်းဝင်​တိုးရတာ​ပေါ့

mysterious fateWhere stories live. Discover now