အခန်း(5)

Start from the beginning
                                    

"တကယ်​လို့အဲအခမ်းအနားမလုပ်​ရင်​​ရော"

"တကယ်​​တော့ အဲအခန်းက ကျိန်​စာကိုစတင်​တဲ့​နေရာဖြစ်​တဲ့အတွက်​ အဲအခမ်းအနားသာမလုပ်​ရင်​ကျိန်​စာကို အသိအမှတ်​မပြုရာ​ရောက်​ပြီး ခုအ​ခြေအ​နေထက်​ပိုဆိုးတာ​တွေဖြစ်​တတ်​တယ်​"

"အဲဒါဆို သားကိုချွင်းချက်​အ​နေနဲ့ အဲအခန်းထဲကိုဝင်​ခွင့်​ပြုလိုက်​ပါလား"

"ဝင်​ခွင့်​ပြုလို့ရပင်​မယ်​ အဲအခမ်းအနားက ကျွန်​​တော်​တို့မျိုးနွယ်​ရဲ့ ဘိုး​ဘေး​တွေ​ရှေ့မှာ လက်​ထပ်​​ပေးခြင်းအခမ်းအနားပဲ​လေ"

"အဲ​တော့ ဘယ်​လိုပဲဖြစ်​ဖြစ်​ လက်​မထပ်​လို့မရဘူး​ပေါ့ အဲလိုလား"

"ဟုတ်​တယ်​ သား"

ပေါ့(အ​ဖေ)စကား​ကြောင့်​ စဝ်​သူ့​ရှေ့မှာ ထိုင်​​နေတဲ့ ညိုလုံး​လေးရဲ့ စိတ်​ပျက်​သွားတဲ့မျက်​နှာကို ရီချင်​သွားမိတယ်
တကယ်​​တော့ စဝ်​လည်း သူ့ရဲ့ဖူးစာဖက်​ကိုမိန်းက​လေးတ​ယောက်​လို့ ထင်​ခဲ့မိတာ သူ့ကြင်​ယာဖက်​နဲ့ က​လေး​လေး​မွေးပြီး ဘဝတ​လျှောက်​လုံး​အေး​အေး​ဆေး​ဆေးဖြတ်​သန်းသွားမယ်​လို့ စိတ်​ကူးခဲ့​သေးတာ အဲဒါ​ကြောင့်​လည်း သူချစ်​တဲ့သူမ​တွေမချင်း သတိထား​နေခဲ့ပင်​မယ့်​ ခု​တော့ သူ့ထက်​6နှစ်​​လောက်​ငယ်​တဲ့က​လေးဖြစ်​​နေ​တော့ သူ့မှာစသိသိချင်းshock​တောင်​ရသွားမိ​သေးတယ်​ ဒီညိုလုံး​လေဆို ပိုဆိုးမှာ​ပေါ့

ဆုလာဒ်​ ​မေနဲ့​ဖေကိုတလှည့်​စီကြည့်​ပြီး

"​မေ သား​ကလ တခါ​လေးပဲ စိတ်​​ကောင်းဝင်​ပြီး​သွေးလှူလိုက်​ပါတယ်​ ​ယောက်​ကျားယူရ​တော့မယ်​ သားကိုကယ်​နိုင်​​တော့ဘူးလား ​ယောက်​ကျားမယူချင်​ဘူး သားကမိန်းမပဲယူချင်​တာ "

Unicode

"အား.....မဖြစ်​နိုင်​တာကြီး အစ်​ကိုကိုလက်​ထပ်​ရမယ်​ဟုတ်​လား ​ယောက်​ကျားချင်းကြီး ကြက်​သီး​တောင်​ထလာပြီ "

ဆုလာဒ်​ ​ဖေနဲ့​မေ ​ပြောတဲ့ စကား​ကြောင့် ထိုင်​ရာက​နေ ထလိုက်​မိပြီး​အော်​လိုက်​မိတယ်​

mysterious fateWhere stories live. Discover now