အခန်း(1)

Zacznij od początku
                                    






Unicode

"မဖြစ်​နိုင်​တာ ဘယ်​လိုမှမဖြစ်​နိုင်​တဲ့ ကိစ္စကြီးကို ခင်​ဗျားရူး​နေလား"

"ခုချိန်​မှာ ဦးဖြိုး​တေဇအ​နေနဲ့ လက်​မခံနိုင်​ဘူး ဆိုတာနားလည်​ပါတယ်​ ဒါပင်​မယ့် ကျွန်​မခု​ပြော​နေတာ​တွေကအမှန်​တရား​တွေပါ ကျွန်​မတို့အ​နေနဲ့လည်း ကျွန်​မတို့မျိုးနွယ်​ကိုဆက်​ခံ မယ့် သား​လေးကို​ယောက်​ကျားတ​ယောက်​နဲ့ လက်​ဆက်​​စေချင်​ပါ့မလား ဒါပင်​မယ့် က​လေးနှစ်​​ယောက်​ရဲ့အသက်​အန္တရယ်​နဲ့သက်​ဆိုင်​​နေ​တော့"

​ဒေါ်မြတ်​မာလာနွယ်​ တ​ယောက်​ စကား​ပြောရင်း သက်​ပြင်းသာ ချလိုက်​မိတယ်​

"​လောကမှာထူးဆန်းတဲ့အရာ​တွေအများကြီးရှိ​နေတယ်​ အထူသဖြင့် ဘယ်​လိုမှ ယုံနိုင်​ဖို့မဖြစ်​နိုင်​တဲ့ကျိန်​စာမျိုး​တွေ​ပေါ့ သူမတို့မျိုနွယ်​ အထူးသဖြင့် ခင်​ပွန်းဖြစ်​တဲ့ ဦးစဝ်​သင်္ခါ တို့ရဲ့မျိုးနွယ်​မှာ ထူးဆန်းတဲ့ကျိန်​စာတခုကမျိုးရိုးစဉ်​ဆက်​ သက်​​ရောက်​​နေတာမျိုး​ပေါ့ အဲကျိန်​စာဘယ်​ကဘယ်​က​နေ​ပေါ်​ပေါက်​လာလဲ မသိပင်​မယ့် သိသ​လောက်​ မျိုးရိုးဆယ်​ဆက်​တိုင်​တိုင်​ အဲကျိန်​စာကိုခံစား​နေရတာပါပဲ"

ခုလည်း သား​ဘေး​ပေါ်မှာကျိန်​စာကစတင်​အသက်​ဝင်​​နေပြီမလို့ တခြားမိသားစုတခုရဲ့အဖိုးတန်​သား​လေးကို လက်​ထပ်​ဖို့ လာ​တောင်း​နေရတာ​ပေါ့

"ဒါဆို ​ဒေါ်မြတ်​မာလာနွယ်​​ပြောချင်​တာက ကျွန်​​တော်​သားက ခင်​ဗျားသားကို လက်​မထပ်​ဘူးဆိုရင်​ ​သေဆုံးမယ်​လို့​ပြော​နေတာ​ပေါ့ မဖြစ်​နိုင်​တာကြီးဗျာ"

"ဖြစ်​နိုင်​ လားမဖြစ်​နိုင်​လားဆိုတာ ဦးဖြိုး​တေဇကပိုသိမှာပါ ခု သားဖြိုးဆုလာဒ်​ ​နေမ​ကောင်းဘူးမလား အဲဒါလည်း ဘာ​ရောဂါမှန်း​သေချာမသိပဲနဲ့​လေ"

"ဒါဆိုအဲကျိန်​စာဆိုတာ​ကြောင့် သားငယ်​​လေ​နေမ​ကောင်းဖြစ်​​နေတာလား "

"ဟုတ်​တယ်​အမ ​မေမီလင်း"

"အစ်​ကို ​မေမီတို့သား​လေးကိုဘယ်​လိုလုပ်​ကြမလဲ"

​မေမီအားကိုးတကြီး ခင်​ပွန်းဖြစ်​သူဖြိုး​တေဇလက်​ကိုဆုပ်​ကိုင်​လိုက်​မိတယ်​

မှတ်​မှတ်​ရရ သားငယ်​​လေး ​ကျောင်းကလူ​တွေနဲ့ ​လေ့လာ​ရေးခရီးဆိုပြီးပုဂံကပြန်​လာကတည်းက ​နေမ​ကောင်းစဖြစ်​​နေတာ ခနခနမူးလဲလိုက်​ ​သွေးအန်​လိုက်​ နှ​ခေါင်း​သွေးယိုလိုက်​ ညဖက်​​တွေမှာ ကိုယ်​ပူ​တွေတက်​လိုက်​ ခု​တောင်​အိပ်​ရာ​ပေါ်လဲ​နေတာ အထူးကု​ဆေးခန်း​တွေပြ ဓာတ်​မှန်​​တွေရိုက်​လည်း ဘာ​ရောဂါမှန်းခုချိန်​ထိအ​ဖြေရှာလို့မရဖြစ်​​နေတာ တကယ်​ပဲကျိန်​စာရဲ့သက်​​ရောက်​မှုများလား

"အမ ကျွန်​မတို့လည်း ဒီစကားကိုမ​ပြောချင်​ပါဘူး ဒါပင်​မယ့် သူတို့နှစ်​​ယောက်​သာ လက်​မထပ်​ဘူး အတူတူမ​နေဘူးဆိုရင်​ ​နောက်​ထပ်​သုံး​လေး ငါးရက်​​လောက်​ဆို က​လေးနှစ်​​ယောက်​လုံးကိုကျွန်​မတို့ဆုံးရှုံးလိုက်​ရ​တော့မှာ "

"အစ်​ကို ဘယ်​လိုလုပ်​ကြမလဲ"

"အစ်​မတို့မယုံရင်​ သား2​ယောက်​ကို ခန​ပေး​တွေ့ကြည့်ကြမလား"

mysterious fateOpowieści tętniące życiem. Odkryj je teraz