သူတို့နှစ်ဦးဟာ တစ်ယောက်ကိုတစ်ယောက် နွေးထွေးညင်သာစွာ ဆက်ဆံနေကြဆဲဖြစ်ပင်။ လောင်ယွီချန်က ရှမင်ရှုရဲ့ အချက်အပြုတ် ဘယ်လောက်ပင် ညံ့ဖျင်းသည်ဖြစ်စေ မပျက်မကွက်ပဲ စားမည်သာ။ သူကငါနဲ့ အတူရှိစဉ်က နှင့်မတူဘဲ ဘယ်တော့မှ ဇီဇာကြောင်သူ မဟုတ်သလိုပဲဖြစ်နေလေရဲ့။ သူတို့နှစ်ယောက်ဟာ ပစ္စည်းတွေထားတဲ့နေရာ မေ့သွားတိုင်း နေ့ခင်းတစ်ခင်းလုံး လိုက်ရှာကြတယ်။ လောင်ယွီချန်ကရှမင်ရှု ကို တစ်ခါမျှ စိတ်ဆိုးခြင်းမရှိပေ။

ရှမင်ရှု အစား ငါသာဆိုရင် အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်နေလောက်ပြီ!

လောင်ယွီချန် က သူ့ကို အော်ငေါက်နေရင်တောင်မှရှမင်ရှုက ငါ့လိုနောက်လှည့်ပြီး နာခံမယ့်ပုံစံမဟုတ်ဘူး။ သူသာရိုက်ဖို့ သတ္တိရှိရင်...နေဦး! ငါယုံတယ်!လောင်ယွီချန်က ဒီလိုလုပ်မှာမဟုတ်ဘူးလို့ ငါယုံတယ်။ သူ့လက်ကို မ,ပြီး ရိုက်မယ့် လုပ်ရပ်ကို ငါ စိတ်ကူးတောင် မယဉ်ရဲတော့ဘူး။

အတိတ်တုန်းက ငါသူ့ကို နတ်ဘုရားလို ကိုးကွယ်ခဲံတဲ့အတွက် ငါကအားနည်းတဲ့သူ ဖြစ်လာတယ်။ သူငါ့ကို အမြဲအနိုင်ကျင့်ရတဲ့ အကြောင်းရင်းကငါ့ရဲ့ အပြစ်တွေကြောင့်ပဲဖြစ်နိုင်တယ်။ ငါသတိထားပြီး သူလိုချင်သမျှကို အမြဲလိုက်လျောခဲ့တယ်လေ။

ရှမင်ရှုထံမှ အများကြီး သင်ယူပြီးနောက်တော့ ငါ့မှာ နောက်တစ်ကြိမ် အခွင့်အရေးရရင် ပြောင်းလဲဖို့အခွင့်အရေးရှိမလားလို့တွေးလိုက်မိတယ်။

"ငါ ရှောင်ဟန်ကို မတွေ့တာကြာပြီ, သူအဆင်ပြေရဲ့လား? "

အလုပ်နားချိန်ဖြစ်သဖြင့် လောင်ယွီချန်နဲ့ရှမင်ရှုတို့က တစ်ထပ်တည်းတွင် ရှိနေကြတယ်။ ရှမင်ရှုက နေ့လယ်စာဘူးတွေယူလာပြီးသူ့ကိုလာတွေ့တာဖြစ်တယ်။ ရှမင်ရှုက ထမင်းစားနေစဉ် ရုတ်တရက် ဒီမေးခွန်းကို မေးလိုက်တာပင်။

ငါ,လောင်ယွီချန် နဲ့ အတူရှိနေကတည်းက သူက အမြဲတမ်း ငါ့ကို ဂရုတစိုက်မေးလေ့ရှိတယ်။

အစတုန်းကတော့ ကျေးဇူးတင်တယ်လို့ ခံစားခဲ့ရပေမယ့် အခုတော့ သူငါ့အကြောင်းပြောတိုင်း လောင်ယွီချန်က ပိုလို့တောင် မုန်းတီးလာတာကြောင့် သူ့မှာ မကောင်းကြံတဲ့ ရည်ရွယ်ချက်တွေ ရှိနေတယ်လို့ ယုံကြည်လာပါတော့တယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now