ငါ လောင်ယွီချန် ကို လေးလေးနက်နက် ချစ်ခဲ့ပြီး သူ့ကို တစ်ချိန်က ပြီးပြည့်စုံတယ်လို့ ခံစားခဲ့ရတယ်။

ငါနဲ့အတူနေရင် ငါ့ကိုချစ်လာမှာပဲလို့ထင်ပြီး စောင့်မျှော်ရခြင်းရဲ့ ရလဒ်အနေနဲ့ သူဟာအေးစက်ပြီး ကြမ်းတမ်းတဲ့ လူတစ်ယောက် ဖြစ်လာခဲ့တယ်။

ကံကောင်းထောက်မစွာနဲ့ပဲ သူကငါ့ကို ဒီနည်းအတိုင်းသာဆက်ဆံခဲ့တယ်။

ရှမင်ရှု နဲ့ အတူရှိစဉ်မှာတော့ သူက အရမ်းကောင်းတဲ့ ချစ်သူတစ်ယောက်ပဲ။

မပြည့်စုံတဲ့လူနှစ်ယောက်တွေ့ ဆုံတဲ့အခါ ပြီးပြည့်စုံသွားခဲ့တဲ့ ဒဏ္ဍာရီပုံပြင်တစ်ခုကိုငါ သတိရမိတယ်။

ငါနဲ့ အတူရှိနေရတာကသူ့အတွက်အမှားတစ်ခုပဲ။ဒီအတွက် သူကပြီးပြည့်စုံတဲ့သူ မဖြစ်ခဲ့တာ သဘာဝပါပဲလေ။

သူက နောက်ဆုံးတွင် အရာရာပြည့်စုံတဲ့သူတစ်ဦးနှင့် တွေ့ဆုံနိုင်ခဲ့ပြီး ယခုအခါတွင် ပိုပြည့်စုံလာလေရဲ့။

အရင်တုန်းက ငါက ပိုပြီး တစ်ကိုယ်ကောင်းဆန်တယ်။ ငါလောင်ယွီချန် ကို ပျော်ရွှင်စေချင်ပေမယ့် လောင်ယွီချန်နဲ့ရှမင်ရှုတို့ အတူတူ ပျော်ရွှင်နေချိန်မှာတော့ အမြဲတမ်း ခွဲခဲ့ဖူးတယ်။ ငါသူတို့ကို မမြင်ချင်ယောင်ဆောင်ထားလို့ကိုမရတာ။ သူတို့ကို ငါ့ရဲ့ဆုတောင်းတွေ မပေးနိုင်ဘူးဆိုတာ သေချာတယ်။

ငါ့အတွက် လက်လျှော့ဖို့က မဖြစ်နိုင်ဘူး။ ငါ အသက်ရှင်နေသရွေ့ သူ့ကို တခြားတစ်ယောက်အတွက်မပေးနိုင်ခဲ့ဖူး။ ငါသေပြီးမှသာ သူ့ကို တကယ်လွတ်မြောက်ခွင့်ပေးနိုင်မှာ။

ငါခုလို သရဲတစ္ဆေဖြစ်သွားလို့ ရယ်ရမလား ငိုရမလားပဲ!!!

ငါ အခုတော့ သူတို့ကို ကြည့်ရတာ သဘောကျတယ်။ သူတို့နှစ်ယောက်ကို အတူတူကြည့်ရတာ ဘယ်လောက်တောင် လှတယ်ဆိုတာ သဘောကျဖို့ သင်ယူခဲ့ရတယ်။

ဒါတောင်,ငါ ကောင်းကောင်းမလုပ်နိုင်တာတွေရှိလို့ ကောင်းကင်ဘုံကို မတက်နိုင်သေးတာလို့ထင်တယ်။

ငါ လွတ်မြောက်ဖို့အတွက် သူတို့ရဲ့ ပျော်ရွှင်မှုကို စိတ်ရင်းမှန်နဲ့ ဖော်ပြနိုင်တဲ့နေ့ကို စောင့်ရပါလိမ့်မယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now