သူ့မွေးနေ့ဟာခရစ္စမတ်နေ့ဖြစ်တယ်။ အဆိုတော်တစ်ယောက်အနေနဲ့ ပွဲဦးထွက်တုန်းက အဲဒီနှစ် , သူ့အသက်၁၈နှစ်ပေါ့။  သူက ဆန်းသစ်ပြီး ထူးခြားတာကြောင့် သူ့ရဲ့ကျော်ကြားမှု ကအလျှင်အမြန်ပဲ မြင့်တက်လာခဲ့တယ်။

သူကအရမ်းချောတယ်။  အပြင်ထွက်ချိန်မှာ အဲ့လောက်ထိသတိထားခံရမိလိမ့်မယ်လို့ မမျှော်လင့်ထားဘူးလေ။

အဲ့နှစ်က ငါ့ဘ၀မှာ အထူးခြားဆုံးသော အပြောင်းအလဲကို တွေ့ကြုံခံစားခဲ့ရတဲ့နှစ်ပဲ။

ငါ့မှာအဖေမရှိဘူး, အမေကလည်းစောစောသေတယ်။  ငယ်ငယ်ထဲကဦးလေးရဲ့အိမ်မှာနေခဲ့ပြီးစုတ်စုတ်ပျက်ပျက်နဲ့ ပျော်ရွှင်စရာကင်းမဲ့ခဲ့ရတယ်။ဘဝမှာ ရုတ်တရက် အောင်မြင်လာဖို့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မမျှော်လင့်ထားခဲ့မိဘူး။  ဒါပေမယ့် အဲ့ဒီနှစ်တုန်းက ငါ့မှာအစ်ကိုတစ်ယောက်ရုတ်တရက်ရှိလာခဲ့တယ်။

သူတို့ရဲ့ သက်သေအထောက်အထား မြောက်မြားစွာကို မြင်‌ တွေ့ခဲ့ရပြီး ရှင်းပြချက် မြောက်မြားစွာကို နားထောင်ပြီးတဲ့နောက်မှာတော့ငါက ဖျော်ဖြေရေးကုမ္ပဏီကြီးတစ်ခုရဲ့ ဒါရိုက်တာတစ်ယောက်ရဲ့ တရားမဝင်သားဖြစ်လာခဲ့တယ်။ အဲ့ဒီ ဒါရိုက်တာက အခုသေသွားခဲ့ပြီဖြစ်ပေမယ့် သူတစ်ခါမှမမြင်ဖူးတဲ့ သားတစ်ယောက်ဖြစ်တဲ့ငါ့ဆီကုမ္ပဏီ တစ်ဝက်ကို ပေးချင်နေတယ်။  ပိုပြီးနားမလည်နိုင်တဲ့အချက်က ဖအေတူမ အေကွဲအစ်ကိုဖြစ်တဲ့ တရားဝင်မိန်းမရဲ့ တရားဝင်သားက ရုပ်ရှင်တွေပြဇာတ်တွေထဲကလိုအမွေအတွက် တိုက်ပွဲဝင်ရန် မကြိုးစားဘဲ ငါ့အဖေဆိုသူထားခဲ့တဲ့ ဆန္ဒ အတိုင်းသဘောတူတာပဲဖြစ်တယ်။ သူက ငါ့အပေါ် တကယ်ကို ကြင်နာပြီး အထူးသဖြင့် ကောင်းကောင်း ဆက်ဆံတယ်။

ဒီလိုပဲ လောင်ယွီချန်ဟာ အနုပညာသမားတစ်ယောက်ဖြစ်လာပြီး ငါကလဲသူ့ဘဝကို အဆုံးအဖြတ်ပေးမယ့်သူတစ်ယောက်ဖြစ်လာခဲ့တယ်။

လောင်ယွီချန်ကသူ့အနာဂတ်အတွက် တစ်စုံတစ်ယောက်ကို ဘယ်တော့မှ မှီခိုနေမှာ မဟုတ်ပေမယ့် သူငါ့ဆီကိုတောင်းဆိုလာခဲ့တယ်။   ရှမင်ရှုကို တင်မြှောက်ပေးဖို့ သူက ငါ့ ကို တောင်းဆိုတယ်။

Like Love But Not [ Myanmar Translation ]Where stories live. Discover now