-53-

7.8K 385 316
                                    

For Unicode

" အားလုံးစုံပြီ Chae ပဲကျန်တော့တယ် "

JJ ရဲ့အမေးကို Somi ကဖြေပြီးတဲ့နောက် Li နာရီကိုတစ်ချက်ကြည့်လိုက်သည်။ 7 နာရီရှိပြီ... စောစောထွက်မယ်လို့ပြောတာကို Chae က ထုံးစံအတိုင်းနောက်ကျလို့နေသည်။

" ရှဥ့်ပေါက်တို့ကလဲကြာလိုက်တာဟာ "

" LiLi ရယ်ခဏလောက်စောင့်လိုက်ပါ
အခုလဲအစောကြီးရှိသေးတာကို "

လိုအပ်တာတွေထည့်နေရင်း ဘေးနားက JJ ကလက်လေးကိုကိုင်ရင်း ပြောလာတာမို့ အလိုမကျတဲ့မျက်နှာလေးနဲ့နှုတ်ခမ်းလေးကိုပိုပိုသာသာဆူပြလိုက်သည်။

" နှုတ်ခမ်းကြီးကို အဲ့လိုကြီးထော်မထားပါနဲ့ Bae ရာ...
ချစ်ဖို့ကောင်းတာလဲမဟုတ်ပဲနဲ့ "

ပါးလေးနှစ်ဖက်ကိုဆွဲရင်း JJ ကအသဲယားစွာစ,လာတာမို့ ...

" JJ နော် "

" LiLi ကစောစောစီးစီး အဲ့လိုစိတ်ကောက်နေတာ
သိပ်ကိုချစ်ဖို့ကောင်းတာပဲ mwahh... "

ထိတယ်ဆိုရုံလေး နှုတ်ခမ်းလေးဆီ အချိုဓာတ်ကူးသွားခဲ့တာမို့ ဆူနေတဲ့နှုတ်ခမ်းလေးက ကွေးညွတ်သွားပြီးပြုံးယောင်သမ်းတဲ့ဆီကိုကူးခက်နေချိန်မှာပင် သာသနာဖျက်ကဝင်ရောက်လို့လာသည်...

" Yarrr မောနေတာကိုစောစောစီးစီး အမောစို့အောင် "

" နင်မမြင်ချင်ပိတ်ထား...
ဟိုမှာ Somi နဲ့ Bobby တောင်မသိချင်ယောင်ဆောင်နေတာ ...နေပါဦး နင်ကဘာလို့နောက်ကျနေတာလဲ အဖောင်းစုတ်... 7 နာရီအတိထွက်ပါမယ်ဆိုတာကို... အခုတော့ ခွဲတောင်ခွဲတော့မယ် "

" ဟီးးး Lisa yaa စိတ်မဆိုးပါနဲ့ဟ..."

" အခုမှမျက်နှာချိုလာသွေးမနေနဲ့ "

" ငါအိပ်ယာထနောက်ကျသွားလို့လေ...
အိမ်မှာလဲ တီလေးရဲ့အဆူကိုခံလာရတာ..ဒီရောကျတော့လဲနင်ကထပ်ဆူတယ်... အဟင့် "

" ဘာမှ အကယ်ဒမီရှော့ တွေလာမလုပ်ပြနဲ့
နင့်လုပ်ပုံမှမဟုတ်တာကို unnie Irene ဆူတာတောင်နဲသေးတယ် "

ကြောင်နဲ့ကြွက်လို့မတည့်ကြတဲ့ ဒီနှစ်ယောက်ကို Jen ဝင်တားမှပဲရတော့မယ်... ခလေးလဲမဟုတ်တော့တာကို ခုထိကိုမတည့်ကြဘူး...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now