-05-

2.7K 278 47
                                    

For Unicode

တိတ်ဆိတ်နေတဲ့ထမင်းဝိုင်းထဲ ဇွန်းသံကလွဲလို့ကျန်တာမကြားရတာမို့ Jen ကပဲ တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သည်

" ကိုယ်ဒီနေ့မှခရီးကပြန်ရောက်တာဆိုတော့ စောစောနားလိုက်နော် "

" မဖစ်ဘူး Ni ရဲ့ ကိုယ်အလုပ်တွေကျန်သေးတယ် အဲ့တာတွေလက်စသတ်ပြီးမှပဲနားတော့မယ် "

" ကိုယ်ရယ် အလုပ်တွေပဲဖိလုပ်မနေပါနဲ့ ကျန်းမာရေးလေးဘာလေးလဲဂရုစိုက်ဦးမှပေါ့ အမြဲတမ်းအလုပ်အလုပ်နဲ့ ကြာရင် Jen တို့ကိုမေ့တော့မယ် "

" အမလေး Ni ရယ်မေ့စရာလား ကိုယ့်မှာချစ်စရာဆိုလို့ ဟောဒီက Ni နဲ့ Li လေးပဲရှိတာ မေ့ပါဘူးဗျာ "

ထမင်းဝိုင်းမှာအကဲပိုနေကြတဲ့လင်မယားကိုကြည့်ရင်း Li ကအရံလူသာ...
သမီးတစ်ယောက်အနေနဲ့ နောက်အိမ်ထောင်ပြုတာပါလက်မခံနိုင်သေးတဲ့ကိစ္စကိုအခုလိုအရှေ့မှာ ro နေတာမြင်တော့ပို၍ပင်မနေချင်ပါ
တစ်ယောက်ကလဲ စိတ်ပူစွာစကားဆိုနေရင်း တစ်ယောက်ကလဲ မေးလေးကိုကိုင်ကာအကဲပိုနေကြတာ ၊ အစထဲကလက်မခံခဲ့တဲ့ကိစ္စတစ်ခုမို့ အခုလိုမြင်နေရတာကတဂယ်အဆင်မပြေ

ထိုမြင်ကွင်းကြောင့်ပင် ထမင်းဝိုင်းထဲက Li အရင်ထွက်လာခဲ့လိုက်သည်

ထမင်းစားပြီးသွားတော့ ကိုယ့်ကိုအခန်းထဲပို့ခဲ့ရင်းခလေးမအခန်းဆီထွက်လာခဲ့သည်၊
ခလေးမကိုစာသင်ပေးရဦးမည်လေ ၊ဒီနေ့က နောက်ဆုံးသင်ပေးခြင်းပေါ့ မနက်ဖြန်ဆို ကျောင်းသားတွေအားလုံးကြောက်ရတဲ့ ပထမနှစ်ဝက်စာမေးပွဲကိုရောက်ပြီ

ခလေးမတော့မသိပေမဲ့ Jen တော့တဂယ်စိတ်လှုပ်ရှားမိတယ်၊ ခလေးမက ဉာဏ်ကောင်းတာမို့ Jen စာသင်တဲ့တစ်လျှောက်လုံး အတော်အသင့်ရနေလေပြီ
ခလေးမကိုအဆင့်ကောင်းစေချင်တာ Jen ရဲ့တဂယ့်စေတနာပါ ၊ ဒါမဲ့လဲမှန်းလို့မရဘူး ဂျစ်ကန်ကန်နိုင်တဲ့ခလေးမက Jen ကိုရွဲ့ပြီး မဖြေချင်မဖြေပဲနေဦးမှာ Jen တွေးသလိုမဖစ်ပါစေနဲ့ပဲဆုတောင်းရမှာပေါ့

အတွေးတွေနဲ့ပဲ ခလေးမအခန်းဆီကိုရောက်ခဲ့သည် ၊ အခန်းတံခါးဖွင့်လိုက်တာနဲ့ထုံးစံအတိုင်းအဆင်သင့်ပြင်ဆင်ရင်း အသင့်စောင့်နေတဲ့ခလေးမက ဖုန်းတစ်လုံးနဲ့ ၊
ဒါသူအမြဲလုပ်နေကြပါ Jen ကိုစောင့်ရင်း Game ဆော့တတ်တာ ....

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now