-38-

3.6K 302 147
                                    

For Unicode

အခန်းထဲကိုခပ်စူးစူးထိုးဖောက်လာတဲ့ နေရောင်ခြည်တစ်ချို့ကြောင့် မှေးမှိတ်ထားတဲ့မျက်ဝန်းတို့ကို အားယူကာဖွင့်ကြည့်လိုက်သည်။ တစ်ဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းနဲ့ ဝေဝါးဝါးမျက်လုံးတို့ကြောင့် ငုတ်တုတ်ထထိုင်ကာ ခေါင်းကိုဘယ်ပြန်ညာပြန်လှည့်လိုက်သည်။

ဘေးဘီကိုဝေ့ဝဲကြည့်ရင်း အခန်းထဲပြန်ရောက်နေတာမို့ မနေ့ကအဖစ်အပျက်ကိုပြန်စဥ်းစားမိတော့ GiGi နဲ့တွေ့ပြီး Oppa Kook ခေါ်သည့် ပါတီကိုရောက်သည့်အထိသာမှတ်မိသည်။ အိမ်ကိုဘယ်လိုပြန်ရောက်နေလဲ ဘယ်သူလာပို့လဲဆိုတာကိုပါမမှတ်မိ။

အတွေးများကိုဘေးချိတ်လိုက်ရင်း ဒီနေ့က ကျောင်းပိတ်ရက်မို့ ပြင်ဆင်စရာမရှိတာကြောင့် မျက်နှာသစ်ကာ အောက်ထပ်ဆီဆင်းလာခဲ့သည်။

Li အောက်ထပ်ဆင်းတော့ မနက်စာစားနေတဲ့ သူမနှင့်ဆုံသည်။

" Mornee JJ "

Li ဘက်ကသာပြောလိုက်ပေမဲ့ ကော်ဖီအသောက်မပျက်တဲ့သူမက Li ကိုဂရုမစိုက်သလို Li ပြောတာကိုကြားပုံလဲမပေါ်။ JJ ဘာဖစ်နေတာလဲ? မဟုတ်မှ.. Li ညကအိမ်ပြန်နောက်ကျလို့စိတ်ဆိုးနေတာလား ။

Li အခုမှသေချာကြည့်မိတယ် JJ မျက်နှာကဖောင်းအစ်နေသလိုပဲ ပြီးတော့ ညိုးနွမ်းနေတယ် ၊ ဘာတွေများဖစ်နေလို့လဲ JJ ရယ်.... မနေ့က Kim Jisoo နဲ့အဆင်မပြေခဲ့လို့လား ။

မပြောမဆို Li ရှေ့ကထထွက်သွားတဲ့သူမကို နားမလည်ခြင်းများစွာနဲ့ Li ကြောင်ကြည့်နေမိသည်။ Li လဲခေါင်းကိုက်နေတာမို့ ကြီးမေကိုတစ်ခုခုစီစဥ်ခိုင်းပြီး မနက်စာစားကာ JJ ကိုမေးရန်ရှာရတော့သည်။

ခုနက ခြံထဲဘက်ဆင်းသွားတဲ့သူမကြောင့် Li ခြံထဲလိုက်သွားခဲ့သည်၊ သို့သော်.. မတွေ့။ နောက်ဆုံး အပေါ်ကိုမော့ကြည့်လိုက်မိတော့ ဝရံတာမှာမက်တပ်ရပ်ကာစဥ်းစားနေတဲ့ သူမ ။ Li လဲအလျှင်အမြန် JJ ရှိတဲ့အပေါ်ထပ်ဆီတက်လာခဲ့သည်။

.
.
.

Jen မနေ့ကညကအဖစ်အပျက်ကြောင့် တစ်ညလုံးအိပ်မပျော်သလို ဝမ်းနည်းလွန်းလို့ငိုကြွေးနေမိသည်။ မိုးလင်းတော့လဲ ဘာမှမှတ်မိဟန်မတူတဲ့ခလေးမက Jen ကိုစကားပြောလာတာမို့ Jen ရှောင်နေမိပြန်သည်။

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now