-33-

2.2K 260 99
                                    

For Unicode

" မျက်စိနောက်လာပြီ Chae ရာ မေးမှာဆိုလဲမေးလေ ငါဒီတိုင်းထိုင်နေတာ 15min လောက်ရှိနေပြီ "

ကျောင်းကိုစောစောလာဆိုလို့လဲလာရသေးတယ် ခုထိဘာမှလဲမပြောဘူး၊ Li ကိုခုံမှာထိုင်ခိုင်းပြီး သူကတော့ ရှေ့လျှောက်လိုက် နောက်လျှောက်လိုက်နဲ့ ဘာမေးမလဲတော့မသိပေမဲ့ ကြည့်ရတာမျက်လုံးတော်တော်နောက်လာပြီ...

" ငါစဥ်းစားနေတာ "

" ဘာတွေစဥ်းစားရပြန်ပြီလဲ ပြောတော့ငါ့ကိုမေးမို့ဆို "

" အင်း ငါနင့်ကိုမေးမို့ "

" မေး "

" နင် unnie Jen ကိုကြိုက်နေတာလား "

Li ကိုမေးမလို့ဆိုပြီး လမ်းလျှောက်နေရာကနေ ချက်ချင်း Li ဘေးနားဝင်ထိုင်ပြီး ပြောလိုက်တဲ့စကားကြောင့် လူကတုန်တက်သွားရသည်...

Chae ကဘာကိုသိပြီးအခုလိုမေးတာလဲ ??

" မ..မဟုတ်ပါဘူး Chae ရာ...
ငါ့ကို ဘာ.. ဘာတွေလာမေးနေတာလဲ "

ဒီလောက်ဆိုသေချာနေပြီ၊ Chae ထင်တာမမှားဘူး... ဟုတ်မှဟုတ်ပါ့မလားလို့ စဥ်းစားနေခဲ့တာ... ဂျယ်ဂျူမှာတုန်းကအပြုအမူတွေကိုသတိမထားမိပေမဲ့ ပြန်ရောက်တော့ထူးခြားနေတဲ့ Lisa ပုံစံ... အသေချာဆုံးကတော့ စာအုပ်ကြားထဲညှပ်ထားတဲ့ unnie Jen ရဲ့ပုံလေး... ဘာပုံလဲဆိုရင် ဂျယ်ဂျူကမ်းခြေမှာ Chae မေးတဲ့ပုံ...

" ငါ့ကိုမလိမ်နဲ့ Lisa...
အမှန်တိုင်းပြောပြ နင် unnie Jen ကိုချစ်နေတာမလား "

" မဟုတ်ပါဘူးဆို Chae ရာ ငါကဘာလို့သူ့ကိုချစ်ရမှာလဲ... နင်မသိဘူးလား ငါသူ့ကိုအရမ်းမုန်းတာကိုလေ..ငါကအဲ့လိုလူကိုချစ်စရာလား "

ဟုတ်တယ် Li ကမချစ်ပါဘူး... ဒါကို Li သိတယ်..

" မဟုတ်သေးဘူး Lisa ...
နင်သူ့ကိုအရင်ကမုန်းတာမှန်တယ် ငါတို့လဲသိနေတာပဲလေ ဒါပေမဲ့ အခုနောက်ပိုင်းအပြုအမူတွေ...နင်ကိုယ်တိုင်သတိမထားမိပေမဲ့ မြင်ရတဲ့ငါကသိနေတယ်လေ... ငါ့ကိုမညာနဲ့ Lisa နင့်စိတ်ထဲဖစ်နေတာကို ငါ့ကိုပြောပြ.. နင်မေ့နေပြီလား ငါတို့က BFF လေ "

Chae ပြောသလိုပဲ Li ခံစားနေရတာတွေပြောပြသင့်တယ်ထင်တယ်.... Li ပင်ပန်းနေပြီ အဖြေရှာနေရတာရော အဖြေကိုသိရဲ့နဲ့လက်မခံချင်တာရော မုန်းနေရတာကိုရော ...တစ်စုံတစ်ယောက်ကိုဖစ်ဖစ် Li ပြောပြချင်တယ်...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now