-06-

2.5K 277 19
                                    

For Unicode

တစ်လမ်းလုံး Chaeyoung ပုခုံးကိုမှီရင်း ဇိမ်ယူကာအိပ်လာခဲ့သမျှ နောက်ဆုံး Chaeyoung အော်လိုက်တဲ့အသံကြောင့် လန့်နိုးသွားရသည်

" ယေးးးးး ရောက်ပြီကွ
အားး ကျွတ် ကျွတ် နာလိုက်တာ Lisa ရယ်ထတော့ဟာ ငါ့ပုခုံးလေးပြုတ်ထွက်တော့မယ် "

Chae အသံကြားမှ ခေါင်းထောင်ကြည့်လိုက်ရင်း

" ရောက်ပြီလား "

အိပ်ချင်မူးတူးပုံစံလေးနဲ့ မျက်လုံးနှစ်ဖက်ကိုပွတ်ရင်း Chae ကိုမေးလိုက်တော့

" အေး ရောက်ပြီပေါ့ ညနေတောင်စောင်းနေပြီ "

" ငါတော်တော်လေးအိပ်ပျော်သွားတာပဲ "

" Wow Lisa yaa ဟိုမှာကြည့်စမ်းလှလိုက်တာဟာ "

Chae ရဲ့အသံပြဲနဲ့အော်တဲ့နေရာကိုကြည့်လိုက်တော့ သိပ်ကိုလှပလွန်းတဲ့အဆောက်အဦးတွေ......
နန်းတွင်းကားတွေထဲမှာပါတဲ့ ရှေးဟောင်းအိမ်လေးတွေပေါ့

" ကဲ ခလေးတို့ ဆရာမတို့အခုရောက်နေတာက Bukchon Hanok Village ဆိုတဲ့နေရာလေးပဲ ခလေးတို့ နန်းတွင်းဇာတ်လမ်းတွဲတွေမှာမြင်ရတဲ့ပုံစံတွေအကုန်ဒီမှာရှိတယ် အခုတော့ ညနေလဲစောင်းနေပြီဆိုတော့ ဆရာမတို့တည်းခိုခန်းကိုသွားကြမယ် ဆရာမမှာချင်တာက ခလေးတို့ကအလယ်တန်းတွေဆိုတော့ အရမ်းငယ်သေးတယ် အဲ့တော့ ဒီမှာလေ့လာချင်တာရှိရင်အထက်တန်းတွေနဲ့တူတူလိုက်သွားပြီးလေ့လာလို့ရတယ် သွားချင်တဲ့နေရာတွေရှိရင်လည်းဆရာမတို့ကိုခွင့်တောင်းပြီးမှသွား မပြောပဲနဲ့မသွားနဲ့ အားလုံးနားလည်တယ်နော် "

" နားလည်ပါတယ် "

" ကဲ ဒါဆို ဒီညတည်းခိုဖို့အတွက်တည်းခိုခန်းကိုသွားကြမယ် "

ဆရာမရဲ့စကားသံအဆုံး Li တို့အပါအဝင် အားလုံးဟာကိုယ့်အထုတ်ကိုယ်ဆွဲရင်း ဆရာမတွေရဲ့ဦးဆောင်ရာတည်းခိုခန်းဆီသို့ ပတ်ဝန်းကျင်ကိုငေးမောရင်းလိုက်ပါခဲ့ကြသည်
ဘေးနားက သုံးကောင်ကတော့ပါးစပ်တောင်မစိနိုင်လောက်အောင်အံ့ဩနေကြသည်

မကျဉ်းမကျယ်တည်းခိုခန်းလေးက တဂယ်လှပလွန်းတယ်။ Li ရယ် Chae ရယ် Somi ရယ်သုံးယောက်ကတစ်ခန်းပေါ့ Bobby ကတော့ယောက်ျားလေးမို့ တခြားအခန်းမှာ

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now