-31-

2.1K 268 52
                                    

For Unicode

" အားလားလား... ပူလိုက်တာ "

ဟင်းချိုအိုးအဖုံးကိုဖွင့်လိုက်ချိန် အပူရှိန်ကရှိနေတာမို့ ပူသွားတဲ့လက်လေးကို နားရွက်ဆီပြေးကပ်ရင်းပွတ်လိုက်မိသည်။ Li တစ်ခါမှမချက်ဖူးတာမို့ အစစအရာရာအဆင်မပြေပါ...ဘယ်လိုစိတ်နဲ့များ ခုလိုလုပ်ဖို့စဥ်းစားမိလိုက်သလဲ Li လဲမပြောတတ်... သေချာတာတော့ သူမအတွက်ကြောင့်ပင်...

" အဆင်မှပြေရဲ့လားမသိဘူး သူ့အညွှန်းထဲမှာပါတဲ့အတိုင်းပဲ ငါလဲချက်ထားတာပဲ "

ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးလေးကိုမွှေလိုက်ရင်း Li တစ်ယောက်ထဲရေရွတ်နေမိသည်...

" Lisa ..
နင်ဘာလုပ်နေတာလဲ "

Li ချက်နေရင်း ကျောဘက်ဆီက Chae အသံကြားလိုက်ရတာမို့ ဝမ်းသာအားရ မြည်းခိုင်းရန်ပြင်လိုက်သည်...

" နင်နိုးပြီလား Chae..
ငါဒီမှာ ဟင်းချိုချက်နေတာ ကျက်နေပြီ နင်လာမြည်းပေးပါလား အရသာလေး "

အစားအသောက်ဆိုနှစ်ခါပြောစရာမလိုအောင်ပင် Chae ကတော့ Li ဘေးနားကိုအလျှင်အမြန်ရောက်လာခဲ့သည်...

" ဘယ်လိုလဲအဆင်ပြေရဲ့လား "

ဇွန်းလေးနဲ့အရသာကို အသာမြည်းနေသည့် Chae အဖြေကိုစောင့်နေချိန်...

" Yaa Lalisa..."

" ဘာလဲ အဆင်မပြေဘူးလား ငါလဲ အညွှန်းအတိုင်းချက်တာပဲ "

" ပြေတယ်လေ... တဂယ်ကောင်းတယ် နင်ဘယ်တုန်းကသွားသင်လာတာလဲ "

ဟူးးး အဆင်ပြေလို့တော်ပါသေးရဲ့..ဒီကတဂယ်ထင်လို့... မချက်တတ်ချက်တတ်နဲ့ ဂလူးဂလူးခေါက်ပြီး ချက်ထားရတာ...

" မသင်ပါဘူး Google ကနေရှာပြီးချက်ထားတာ "

" အော်...
ဒါနဲ့ နေပါဦး နေပါဦး..
နင်ဘာစိတ်ကူးပေါက်ပြီး အခုလိုချက်နေတာလဲ...မဟုတ်မှ...
unnie Jen ကြောင့်လို့တော့မပြောနဲ့နော် "

တဂယ်တော့ Chae ပြောသလိုပဲ Li ဘာစိတ်ကူးပေါက်ပြီးအခုလိုချက်နေမိလဲမသိတာ...ညကမူးနေတဲ့ သူမပုံရိပ်ကြောင့်ဆိုရင်ရော Li လုပ်ရက်ကမှားနေမလား...

Starting With Bitterness (JENLISA // JENSOO) जहाँ कहानियाँ रहती हैं। अभी खोजें