-15-

2.5K 259 64
                                    

For Unicode

တိတ်ဆိတ်သွားတဲ့စကားဝိုင်းထဲ အပြင်ကရာသီဥတုကပဲအေးစက်နေသယောင်ယောင်၊ ဆိုင်ထဲရှိ ခပ်လွှလွှဖွင့်ထားတဲ့ အဆွေးသီချင်းကပဲအေးစက်နေသယောင်ယောင်၊ အေးစက်လို့နေခဲ့သည်။ မှန်ပြင်ကနေမြင်နေရတဲ့ ပန်းခြံထဲကသစ်ပင်တချို့ကိုခပ်တွေတွေလေးငေးကြည့်နေတဲ့ Jen ပုံစံက တဂယ်ပဲစိတ်ရှုပ်ထွေးနေပုံ။

" အဲ့နောက် ငါစာတွေပိုကြိုးစားတယ် သူ့ကိုမေ့လိုမေ့ငြား.....  အရာရာဟာပုံမှန်လည်ပတ်နေရင်း သူ့ကိုမေ့ပစ်ဖို့ငါကြိုးစားခဲ့တယ်
နောက်တော့ငါ ကိုယ်နဲ့တွေခဲ့တယ် သူကလူလွတ်တစ်ယောက်မဟုတ်ခဲ့ပေမဲ့ အိမ်ထောင်ရှိတဲ့သူတစ်ယောက်လဲမဟုတ်ခဲ့ပြန်ဘူး....  ငါ JiJi ကိုမေ့ပစ်နိုင်အောင် ကိုယ့်ရဲ့အချစ်ကိုလက်ခံခဲ့တယ် ကိုယ်ကငါ့ကိုသိပ်ချစ်တာ ငါသူ့ကိုအမှန်အတိုင်းပြောပြခဲ့တာတောင်မှငါ့ကိုဆက်ချစ်နေတုန်းပဲ သူ့မေတ္တာတွေကြောင့်ပဲ ငါပျော်ရွှင်လာရတယ် "

ခပ်လေးလေးအသံနဲ့ Jen ရဲ့ရင်ဖွင့်ရှင်းပြချက်တွေကို Irene သေချာနားထောင်နေမိသည်။

" ဒါနဲ့ပဲ Kai ကိုနင်လက်ထပ်ခဲ့တာပေါ့ "

" ဟင့်အင်း "

မျက်ခုံးပင့်သွားတဲ့ Irene ရဲ့ပုံစံကြောင့် Jen ဖြေးဖြေးလေးပြုံးပြလိုက်သည်။

" တဂယ်တော့အစက ငါလက်ထပ်ဖို့ထိမရည်ရွယ်ခဲ့ပါဘူး ကိုယ် ကလက်ထပ်ဖို့ ခဏခဏတောင်းဆိုပေမဲ့ အချိန်သုံးနှစ်ကြာသွားတဲ့အထိ ငါငြင်းမိခဲ့တုန်းပဲ "

" ဒါဆိုဘာလို့ရုတ်တရက်လက်ထပ်ဖစ်ခဲ့တာလဲ "

နားမလည်ခြင်းများစွာနဲ့ Irene ရဲ့အမေးကို အဝေးတစ်နေရာဆီအကြည့်ပို့ရင်း ပြန်ဖြေလိုက်သည်။

" အဲ့နေ့က JiJi ကိုပြန်တွေ့တယ် "

" ဘယ်နေ့ကလဲ "

" သူထွက်သွားပီး 8 နှစ်အကြာမှာပေါ့ ငါသူ့ကို Coffee ဆိုင်တစ်ဆိုင်မှာတွေ့ခဲ့တာ သူတစ်ယောက်ထဲဆိုငါချက်ချင်းပြေးသွားမိမှာ
ဒါမဲ့ငါမြင်လိုက်ရတာက ယောက်ျားတစ်ယောက်နဲ့ပြုံးပျော်နေခဲ့တဲ့သူမ ဘေးဝိုင်းမှာထိုင်နေတဲ့ငါ့ကိုမမြင်ရလောက်တဲ့ထိ မိုးမမြင်လေမမြင်ပြုံးပျော်နေကြတာ အဲ့ယောက်ျားရဲ့ ယိသဲ့သဲ့ စကားသံတွေကို ရှက်ပြုံးပြုံးရင်းတုံ့ပြန်နေတဲ့ JiJi ကိုငါဆက်မကြည့်နိုင်ခဲ့ဘူး နင်စဥ်းစားကြည့် ငါ့ကိုဘာအကြောင်းပြချက်မှမပေးပဲ 8 နှစ်တိတိထားသွားခဲ့ပြီး ပြန်တွေ့ရတော့ အဲ့လိုပုံစံတဲ့လား ငါမနာကြည်းသင့်ဘူးလား "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now