-18-

2.2K 249 70
                                    

For Unicode

ကြီးမားလှတဲ့ KIM စံအိမ်ထဲ အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်လွန်းနေခဲ့သည်။ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ Kim Yong-Gun မျက်နှာက ခက်ထန်မှုတွေမရှိပဲ အပစ်သားတစ်ယောက်လိုမျက်နှာမျိုး....

" Jen မေးတာကိုဖြေပေးပါဖိုးဖိုး.....
ဖိုးဖိုးတဂယ်ပဲ အဲ့လိုလုပ်ခဲ့တာလား "

" ဖိုးဖိုးမရည်ရွယ်ခဲ့ပါဘူး...
Jisoo လေးအမေသေသွားလောက်တဲ့ထိ "

Jen ကြားချင်တာဒီစကားမဟုတ်ဘူးလေ နောက်ဆုံးတော့ ဖိုးဖိုးကတဂယ်ကြီးလုပ်ခဲ့တာပဲ.....

" ဖိုးဖိုးလုပ်ရက်တယ်... ဘာလို့ Jen တို့ကိုခွင့်ပြုမပေးရတာလဲ Jen တို့မှာဘာအပစ်များရှိနေလို့လဲ ...ပြီးတော့ JiJi ဆိုတာ ဖိုးဖိုးမြေးတစ်ယောက်လိုချစ်တာပဲမဟုတ်ဘူးလား ခုတော့ဖိုးဖိုးလုပ်ရက်က Jen တို့နှစ်ယောက်တင်မကဘူး JiJi မာမီကိုပါ သေဆုံးစေခဲ့တယ်...ဖိုးဖိုးကလူစိတ်မှရှိရဲ့လား... လုပ်ငန်းရှင်တစ်ယောက်လုပ်နေပြီး ဖိုးဖိုးဘာလို့အခုလိုနားလည်မပေးရတာလဲ "

Jen အသားတွေတဆက်ဆက်တုန်ကာ JiJi ရှေ့မှာထိန်းလာခဲ့သမျှ မျက်ရည်တွေကို အတားအဆီးမရှိကျဆင်းခွင့်ပြုခဲ့ပြီး ဧည့်ခန်းထဲရှိအလှပန်းအိုးများကို ရိုက်ခွဲနေမိသည်။

" ငါတို့အမျိုးထဲမှာအခုလိုမရှိစေချင်လို့ငါလုပ်ခဲ့တာ "

ဖိုးဖိုးဆီကထပ်ထွက်လာတဲ့စကားက မျက်ရည်တရွဲရွဲနဲ့ငိုရင်း ကိုင်ပေါက်ဖို့ပြင်နေတဲ့ လက်ထဲက ဆင်စွယ်ရောင်ကျားရုပ်တုသေးသေးလေးကို လေထဲမှာတင်ရပ်တန့်စေခဲ့သည်။

" အခုလိုဆွေမျိုးကြီး အသိုင်းအဝိုင်းကြီးထဲက လုပ်ငန်းရှင်တစ်ယောက်လုပ်နေပြီး ငါ့မျိုးရိုးထဲမှာ ငါ့မြေးက gay နေတာပါဆိုပြီး ငါဘယ်လိုချပြရမလဲ.....
ငါ့သိက္ခာတွေ ငါတို့မျိုးရိုးဂုဏ်တွေ လူကြားထဲမှာ အပြောခံနေရမဲ့အဖစ်မျိုးကိုငါကလက်ပိုက်ကြည့်နေရမှာတဲ့လား "

" ဟာ....ဖိုးဖိုး....
.
.
.

ဖိုးဖိုးအတွေးတွေကသိပ်ကိုတစ်ကိုယ်ကောင်းဆန်လွန်းတယ် ၊ အချစ်ဆိုတဲ့အရာမှာ ဘာပဉာက်ချက်မှမရှိဘူးဖိုးဖိုး...
ဖိုးဖိုးတွေးနေသလို လူ့အသိုင်းအဝိုင်း လူ့ဂုဏ်သိက္ခာတွေလဲမရှိသလို ချမ်းသာကြွယ်ဝမှုလဲမရှိဘူး...
ဖြူဖြူစင်စင်ချစ်တဲ့အချစ်အတွက် ဖိုးဖိုးဘက်ကဘာတွေလက်မခံပေးနိုင်စရာရှိလဲ.... "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now