-48-

4.4K 356 149
                                    

For Unicode

အိပ်နေရင်းအေးစိမ့်စိမ့်ဖစ်လာတာမို့ ရင်ဘက်ထိခြုံထားတဲ့စောင်ကို ခေါင်းထိဆွဲခြုံကာ ကွေးကာပြန်အိပ်လိုက်ရင်း အမှတ်မထင်မျက်လုံးဖွင့်လိုက်မိတော့မြင်ရတဲ့အရာက လူကိုမျက်လုံးပြူးကျယ်သွားစေသည်။

ခဏနေမှညကအဖစ်အပျက်ကိုပြန်စဥ်းစားမိရင်း ကိုယ်တိုင်ပင်မသိလိုက်ပဲ ပြုံးလိုက်ကာ စောင်ပြန်ခွာရင်း ကုတင်ပေါ်ကိုကြည့်လိုက်တော့ဘယ်သူမှရှိမနေ... Chae တစ်ယောက်ထဲသာ...

ဘေးနားကစားပွဲပေါ်မှာတင်ထားတဲ့နာရီက 9 နာရီသို့ပင်ထိုးနေပီ...

" အာ...ငါတော်တော်အိပ်ပျော်သွားတာပဲ...
ကျောင်းလဲနောက်ကျနေပြီ ၊ ဒီနေ့တော့နားရတော့မှာပေါ့... ဒါနဲ့တီလေး... တီလေးငါ့ကိုစိတ်ပူနေမလားမသိဘူး.. အော်... မပူလောက်ပါဘူး ငါညကအပြင်သွားမယ်လို့ပြောလာတာပဲ...  "

Chae တစ်ယောက်ထဲကုတင်ပေါ်ထိုင်ကာတွေးနေမိတုန်း ဆောင်းရာသီရဲ့အေးစက်စက်ဖစ်လာမှုကြောင့် ကုတင်အောက်ကအဝတ်တွေကိုအမြန်ကောက်ရင်း ရေချိုးခန်းထဲဝင်ကာ လဲရသည်။

" ဒါနဲ့ Soo ကဘယ်ရောက်သွားတာလဲ "

အဝတ်လဲမျက်နှာသစ်ပြီးပြန်ထွက်လာတော့ Soo ကိုသတိရစွာရေရွတ်မိလိုက်သည်။ အခုလောက်ဆို Soo လဲညကကိစ္စကိုသိနေလောက်ပြီ...လက်မခံလဲမဖစ်တော့တဲ့အခြေအနေမို့ Soo ကိုပိုင်ဆိုင်ရတော့မယ်မှန်းသိလိုက်ရချိန် Chae ဟာတစ်လောကလုံးကိုအပိုင်ရထားတဲ့လူတစ်ယောက်ပမာ ပြုံးနေမိပြန်သည်။

" အခုချိန် Soo လဲရှက်နေမှာပေါ့... ဒါကြောင့်အခန်းထဲမှာမရှိတာထင်တယ်..."

Chae တွေးနေရင်းနဲ့ အခန်းထဲကထွက်ကာ အောက်ထပ်ဆီဆင်းလာခဲ့သည်။ Chae အောက်ထပ်ရောက်တော့ မနက်စာစားနေတဲ့သူမက ကော်ဖီခွက်လေးကိုင်ရင်း ငြိမ်သက်လို့...အခုကျတော့လဲ ညက သူမလေးမဟုတ်တဲ့အတိုင်းပင်...

" Mornee နော် Soo "

" Mornee Chae လေး...
ရော့ ကော်ဖီသောက် "

သူမက Chae အတွက်ကော်ဖီငှဲ့ပေးပြီးပြီးချင်း ခပ်တည်တည်နဲ့ကော်ဖီပြန်သောက်နေတာမို့ Chae ဘာကစပြီးပြောရမလဲမသိ..တဂယ်ဆို Chae မေးချင်ပေမဲ့ သူမဘက်ကမမှတ်မိတာလား ၊ တမင်မသိချင်ယောင်ဆောင်နေတာလား Chae မသိ..ဘာအရိပ်အယောင်မှလဲမပြ...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now