-44-

3K 319 161
                                    

For Unicode

JiJi မနက်ကအကြောင်းတွေပြန်တွေးနေရင်းနဲ့ ညရောက်ပြီမို့ ကုတင်ပေါ်မှာလှဲနေမဲ့ စိုးရိမ်စိတ်တို့ကြောင့် ခုချိန်ထိအိပ်မပျော်သေး။ JenJen ဘယ်လိုဆုံးဖြတ်မလဲ JenJen ဘယ်လိုသက်သေပြမလဲ JiJi သိချင်သည်။

တဂယ်က JenJen ကို JiJi ရဲ့စိုးရိမ်စိတ်တို့ဖျောက်ဖျက်နိုင်အောင်သက်သေပြခိုင်းလိုက်ပေမဲ့ JenJen ဘက်က JiJi ပြောတာကိုလက်ခံကာ သက်သေပြမပြကိုလဲ JiJi ကြောက်နေမိသည်။ မတော်လို့ JenJen က JiJi ကိုမရွေးချယ်ပဲ တခြားတစ်ခုခုကိုသာရွေးချယ်လိုက်မယ်ဆို JiJi ရင်ကျိုးရချည်ရဲ့။

ဘာပဲဖစ်ဖစ်ပါလေ Chae လေးပြောသလို JenJen ကိုတစ်ခါလောက်တော့ JiJi ယုံကြည်ပေးရမယ်။ JenJen က JiJi ရဲ့ချစ်သူမို့ သူမရဲ့ဆုံးဖြတ်ချက်တွေက JiJi ဘက်မှာသာရှိနေမှာပါ။တွေးနေရင်းနဲ့ပဲ ဘေးနားကစားပွဲပေါ်မှာ တင်ထားတဲ့ဖုန်းကလာတာမို့ အိပ်နေရာကနေထလိုက်ကာ ဖုန်းကိုင်လိုက်သည်...

" ဟယ်လို "

" ဟယ်လို JiJi "

" JenJen ညဘက်ကြီး ဘာဖစ်လို့လဲ
ခုချိန်ထိမအိပ်သေးဘူးလား "

နာရီကိုတစ်ချက်ကျိလိုက်ရင်း ဖုန်းဆက်လာတဲ့သူမလေးကိုပြန်ပြောလိုက်တော့...

" Jen သက်သေပြဖို့အတွက်စဥ်းစားပြီးပြီ "

သူမလေးဆီကထွက်လာတဲ့စကားဟာ JiJi အတွက်တော့တဂယ်ဝမ်းသာစရာပင်...သိုပေမဲ့ ဘာအဖြေမှန်းမသိတာမို့ JiJi သူမလေးကိုမေးလိုက်သည်။

" ဘယ်လိုပြမှာလဲ JenJen..
ကိုယ့်ရဲ့ စိုးရိမ်မှုတွေကိုတဂယ်ဖျောက်ပေးနိုင်လို့... "

JiJi မေးနေတုန်းရှိသေး စကားမဆုံးသေးပဲ ထပ်ပြောလာတဲ့ သူမလေးစကားက JiJi အတွက်တော့ စိတ်ဝိဉာာဥ်တစ်ခုလုံးလွတ်ထွက်သွားသည့်အလား....

" Jen တို့လက်ထပ်ရအောင်...
တစ်ခုပဲ Jen ပြန်တောင်းဆိုချင်တယ် "

" တဂယ်သေချာရဲ့လား JenJen...
ပြောပါ JenJen ဘက်ကဘာတောင်းဆိုချင်လဲ "

JiJi ဝမ်းသာအားရနှင့်ပင် သူမလေးရဲ့တောင်းဆိုမှုကို JiJi မေးလိုက်သည်။

" ဒီကိစ္စကို Lisa ကိုပေးမသိပါနဲ့
Jen တို့လက်ထပ်ပြီးမှပဲ သူသိပါစေ "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now