-50- ( 🔞 )

8.7K 386 166
                                    

For Unicode

" ဒီနေ့ စာမေးပွဲလဲပြီးပြီဆိုတော့ မင်းဘယ်သွားချင်လဲ ဘာလုပ်ချင်လဲ တို့အကုန်လုပ်ပေးမယ် "

ကျောင်းကနေပြန်အလာ ကားမောင်းနေရင်း ငြိမ်သက်နေတဲ့ခလေးမဘက်ကိုလှည့်ကာမေးလိုက်ပေမဲ့ ထုံးစံအတိုင်း ဂရုပင်မစိုက်...

အခုဆို ခလေးမအရင်လိုမဟုတ်ပဲ Jen ကိုရှောင်နေတာ တစ်ပတ်ကျော်ပြီ ၊ မှတ်မှတ်ရရ Jen တို့သန့်စင်ခန်းထဲမှာဖစ်ကြတဲ့နေ့ပြီးထဲကပင်..Jen အဲ့နေ့ကပြောတာဘာများမှားသွားလို့ ခလေးမကအခုလိုဖစ်သွားရတာလဲ...

ခလေးမဆီကတဇွတ်ထိုးဆန်မှုကိုမတွေ့ရတော့ပေမဲ့ အခုလိုရှောင်နေပြန်တော့လဲ Jen စိတ်ထဲမှာဟာတာတာကြီးရယ်၊ ဒီတစ်ပတ်ကျော်အတွင်း Jen ဘယ်လောက်ခံစားနေရလဲ ခလေးမသိမှာမဟုတ်ဘူး...

Jen ဘက်ကခလေးအပေါ်ဂရုစိုက်ပေမဲ့ အရင်လိုမဟုတ်ပဲ Jen အပေါ် ပစ်ပယ်လို့ထားသည်၊အကြောင်းအရင်းခိုင်ခိုင်မာမာလဲမရှိတာမို့ Jen လဲမစဥ်းစားတတ်၊

" Li ညနေ Chae တို့နဲ့ချိန်းထားတယ်
ဘယ်မှမသွားချင်ဘူး "

ခလေးမဆီက ဒီတစ်ခွန်းသာထပ်ကြားရပြီး ဘာမှဆက်မပြောတာမို့ Jen လဲအိမ်ကိုသာမောင်းလာခဲ့သည်၊ ရင်ထဲမှာလဲ တနုပ်နုပ်နဲ့ရယ်... အကြောင်းကတော့ အကြောင်းပြချက်မရှိ အခုလိုအေးစက်သွားတဲ့ခလေးမကြောင့်ပင်...

ဘာပဲဖစ်ဖစ် ဒီနေ့တော့ သိရမှဖစ်မည်၊ မဟုတ်ရင် Jen တွေးနေရတာ ဆံပင်ဖြူတော့မည်..

" Lisa...
မင်းဘာဖစ်တာလဲ တို့ကိုပြောပြ..."

အိမ်ကိုရောက်ရောက်ချင်းကားပေါ်ကမဆင်းခင် ဘေးနားကခလေးမဘက်လှည့်ကာပြောလိုက်ပေမဲ့ ဘယ်ချိန်ထဲကကားပေါ်ကဆင်းသွားမှန်းမသိတဲ့ခလေးမက အိမ်ပေါ်ပင်ရောက်နေလေပြီ...

Jen အတွက်ကံကိုကလဲမပါတာမို့ သက်ပြင်းခပ်ဖွဖွသာချရင် အိမ်ပေါ်တက်လာခဲ့သည်။

Jen အခန်းရှေ့ရောက်တော့ တံခါးဖွင့်မလို့ လုပ်တုန်း ဘယ်ချိန်ထဲကပြင်ဆင်လို့ပြီးသွားမှန်းမသိတဲ့ခလေးမက အပြင်သွားဖို့ထွက်လာတာနှင့်တိုးတာမို့...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now