-24-

2.3K 272 76
                                    

For Unicode

" Lisa ...
စာသင်နေတုန်း IU ကိုဆွဲခေါ်လာတာ ခုလိုဘာမှမပြောပဲ ငြိမ်နေဖို့လား "

တဂယ်တော့ Li စဥ်းစားနေတာ Kim Jennie ကြောင့် အခုလိုဆုံးဖြတ်လိုက်ရပေမဲ့  IU အတွက်ကျတရားရဲ့လားပေါ့....
ဒါမဲ့ Li ကိုပြောထားတဲ့ သူ့ကိုမကျေနပ်တာမို့ Li ဆုံးဖြတ်ချက်ကိုပြင်ဖို့ထိတော့စိတ်မကူးထား....

" Li စဥ်းစားနေတာ "

" ဘာတွေစဥ်းစားနေတာလဲ....
ဒါနဲ့များ နေ့လည်စာစားချိန်မှခေါ်လဲရတာကို ခုတော့စာသင်ချိန်လွတ်သွားပြီ "

" ဘာလဲ Li ကိုငြိုငြင်တာလား...
ဒါဆိုလဲသဘောပါ စာပဲသွားသင်တော့ "

" IU ကအဲ့လိုပြောတာမဟုတ်ပါဘူး Lisa ပြောတာပဲနားထောင်မှာ...
စာသင်ချိန်လွတ်တာကိစ္စမရှိပါဘူး အဲ့စာတွေက IU ကြိုကြည့်ပြီးသားတွေ "

" ဟုတ်ပါပြီ ဒါဆိုလဲ သဘော... "

ပြောပြီး ငြိမ်သက်သွားပြန်တဲ့ Li ကြောင့် IU ဘယ်ကစပြီးပြောရမှန်းလဲမသိ....ပြောပြန်ရင်လဲ စိတ်ဆိုးသွားမှာကြောက်ရသည်...
တဂယ်ပါ Lisa ကတဂယ်ချစ်ဖို့ကောင်းတဲ့ကောင်မလေးတစ်ယောက်... ငယ်ငယ်ထဲက crush ခဲ့ပေမဲ့ ကြီးလာတော့ ဆိုးလာပြီး ရည်းစားများလာတဲ့ Lisa ကြောင့် IU ဝမ်းတော့နည်းမိသား...

ဒါမဲ့လဲ ပိုးဖလံမျိုးမီးကိုတိုးသလို မကောင်းမှန်းသိပေမဲ့ Lisa ရဲ့တစ်ပတ်တာရည်းစားဇယားထဲ IU ပါချင်ခဲ့တယ်....
သူနဲ့အတူ တစ်ပတ်လောက်ပဲနီးနီးကပ်ကပ်နေရလဲ IU ကျေနပ်တယ်... ဒါကြောင့်ပဲ အခုလို သူ့အနားကပ်တွယ်ပြီး သူ့အလိုကျနေခဲ့တာ...ဒါတွေဟာ သူ့ကိုသိပ်ချစ်လို့ဆိုတာ နှလုံးသားကိုအပျော်ကစားပြီး ဇယားရှုပ်လွန်းတဲ့ Lisa ကတော့သိနိုင်မယ်မထင်ပါ.....

" Li တို့တွဲရအောင် "

သူ့ဘက်ကအတန်ကြာတိတ်ဆိတ်နေရာကနေ ရုတ်တရက် ထွက်လာတဲ့စကားမို့ IU အံ့ဩသွားမိတာတော့အမှန်....

" ဘာလဲ မတွဲချင်တော့ဘူးလား ဒါဆိုလဲ ပြန်ရုပ်သိမ်းတယ် "

Li ထက်ခေါင်းတစ်လုံးစာလောက်ပုတာမို့ ပြူးတူးတူးလေးနဲ့ မော့ကြည့်နေတဲ့သူမကို စချင်လာတာကြောင့် တမင်ပြောလိုက်တော့ ပြာပြာသလဲရှင်းပြလာပြန်တယ်...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now