-29-

2.1K 281 121
                                    

For Unicode

" ကဲ အားလုံစုံပြီလား ဘာကျန်သေးလဲ စုံရင်ထွက်တော့မယ်နော် "

အဝတ်အစားထုပ်တွေရော လူတွေရောအားလုံးကားထဲနေရာတကျယူပြီးတဲ့အချိန်မှာ မောင်းသူနေရာက Kim Jisoo က အနောက်ကိုလှည့်ကာ မေးလာသည်..

" Nae ထွက်လို့ရပါပြီ "

Chae ရဲ့အော်သံအဆုံး ကားလေးဟာစတင်ရွေ့လျားလာရင်း ဂျယ်ဂျူဆီချီတက်ခဲ့သည်...

Chae ကတော့ ပါလာသမျှ မုန့်တွေတစ်မျိုးပြီးတစ်မျိုးစားရင်း တစ်ခါတစ်ခါ Li ကိုစကားလာပြောသေးသည်...
အရှေ့ကစုံတွဲကလဲ နှစ်ဦးသားကြည်နူးလို့...
စထွက်လာထဲက ဘာဖစ်နေမှန်းမသိတဲ့ Liက သာ ကားတံခါးလေးကိုမှီရင်း ရွေ့လျားနေတဲ့ပတ်ဝန်းကျင်ကိုသာကြည့်နေခဲ့သည်...

" JiJi ညောင်းနေပြီလား Jen တစ်လှည့်မောင်းမယ်လေ "

" ရပါတယ် JiJi မညောင်းပါဘူး ပူတူးသာအေးဆေးနေ အိပ်ချင်ရင်လဲအိပ် JiJi ပဲမောင်းမယ်နော် "

" အာ မဟုတ်တာ JiJi ပင်ပန်းနေမှာပေါ့ တစ်ယောက်တစ်လှည့်မောင်းမယ်လေ "

" ကဲပါ JiJi မပင်ပန်းဘူး ပင်ပန်းလဲဘာမှမဖစ်ဘူး ပူတူးရှိနေရင်ရတယ် "

" JiJi ကတော့ကွာ ခလေးတွေနဲ့ကို အပြောအဆိုလေးဆင်ခြင်ပါဦးလို့ "

" ဟုတ်ကဲ့ ဆင်ခြင်လိုက်ပါပြီ "

" ဟားးးဟားး "

Chae ကလဲအိပ်နေတာမို့ ကားထဲ သူတို့နှစ်ယောက်အသံကဆူညံလို့...
အပြင်ကိုအာရုံလွှဲထားပေမဲ့လဲ နားနှစ်ဖက်ကကြားနေရတော့ခက်သား...

ဘာတဲ့ပူတူးတဲ့ Li ရည်းစားတွေအများကြီးထားခဲ့တာတောင်အခုလောက်ခလေးမဆန်ခဲ့ဘူး၊ ကြားနေရတာတွေက နားထဲကန့်လန့်တွေချည်းသာ..ကားထဲသူတို့နှစ်ယောက်ပဲရှိတယ်လို့မှတ်ယူနေလားတော့မပြောတတ်..အစထဲက စိတ်ကကြည်မနေတာမို့ လူကပိုလို့ပင် ဒေါသထွက်လာသယောင်ယောင်..

ပြီးတော့လဲ ဘာမဟုတ်တဲ့ကားမောင်းတာလေးကို ပြောနေလိုက်ကြတာ... သူမောင်းမယ် ငါမောင်းမယ်နဲ့ တဂယ်တဂယ်... Li သာအသက်ပြည့်ပြီဆို အဲ့အဒေါ်ရီးတွေကိုနားခိုင်းပြီး ကို့ဘာသာဝင်မောင်းပလိုက်တယ်... ခုတော့ အကဲပိုနေတဲ့ ထိုအတွဲကိုသာမမြင်ချင်ပဲ မြင်နေရပြီး မကြားချင်လဲနားထောင်နေရတာ Li အတွက်တော့တဂယ်အဆင်မပြေ....
ဒီလိုမှန်းသိ Li တဂယ်မလိုက်ခဲ့ဘူး... ခုတော့ငြင်းနေလျက်နဲ့ လိုက်ပါ့မယ်လို့ပြောမိတဲ့ပါးစပ်ကိုပဲ ရိုက်ရမလိုလို....

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now