-35-

2.3K 275 68
                                    

For Unicode

တိတ်ဆိတ်နေတဲ့အခန်းငယ်လေးက Li အတွက်တော့အတွေးများစေသည်။ ကြားရတဲ့စကားများဟာ Li ငယ်ငယ်လေးထဲကထင်လာတာနဲ့လွှဲမှားစွာပင်။ အဖစ်မှန်တွေအားလုံးကိုဘာမှမသိပဲ Li ကသူမအပေါ်ကို ဇွတ်မုန်းနေခဲ့တာလား...

ဒါတွေကို သူမကတော့ Li ပြောသမျှကိုသည်းခံပြီး ခုချိန်ထိနေခဲ့တာလား... ဟိုးတစ်ခါ သူမစိတ်ဆိုးပြီး Li ကိုရိုက်ဖို့လက်ရွယ်လိုက်တဲ့ သူမပုံရိပ်ကိုပြန်မြင်ယောင်လာမိသည်။ ခံပြင်းမှုနဲ့ အစွပ်စွဲခံရသလိုပုံစံမျိုး သူမမျက်နှာပေါ်မှာအထင်းသားပေါ်နေခဲ့တာ၊ Li ကဒါကိုမသိပဲ သူမအပေါ်စွပ်စွဲခဲ့မိပြန်တယ်။

Appa ကလဲ ဒါတွေအားလုံးကိုသိနေခဲ့တာပေါ့ နောက်ဆုံးသူ့ကိုမချစ်ဘူးဆိုတာကိုရောပေါ့... Kim Jennie ကသိပ်ကိုကံကောင်းတာပဲ သူမကိုချစ်တဲ့သူတွေအများကြီးရှိတယ်လေ ၊အဲ့ထဲ Li ကိုယ်တိုင်ပင် သတိမထားမိစွာ ပါနေခဲ့သည်...

" ကဲ အခု Lisa လဲအဖစ်မှန်အားလုံးကိုသိပြီဆိုတော့ တို့ကတော့ Jen ကိုမမုန်းစေချင်တော့ဘူး "

Chae တီလေးရဲ့ ပြောစကားကိုကြားတော့ Li စိတ်ထဲတွေးမိတာက Li သူမကိုမမုန်းတော့ဘူး၊ အစထဲကချစ်နေတဲ့စိတ်ဟာ သူမအကြောင်းကိုအမှန်တိုင်းသိသွားချိန် သူမအပေါ် ထားရှိတဲ့ခံစားချက်ဟာ ပိုလို့ပင် သေချာသွားခဲ့သည်။

" ငါလဲ တီလေးပြောတာ ထောက်ခံတယ် Lisa ...unnie Jen ကိုမမုန်းစေချင်တော့ဘူး  "

" အင်းပါ ငါမမုန်းတော့ပါဘူး
ပြီးတော့ကျေးဇူးတင်ပါတယ် အခုလိုကူညီပေးတဲ့ Chae ကိုရော အမှန်တိုင်းရှင်းပြပေးတဲ့ unnie Irene ကိုရော "

" ရပါတယ် Jen ကလဲတို့သူငယ်ချင်းဆိုတော့ သူ့အပေါ်နားလည်မှုမလွဲစေချင်တာလဲပါလို့ပါ "

" ဟုတ် unnie တို့ကျေးဇူးကြောင့် မလွဲတော့ပါဘူး "

" ဟုတ်ပါပြီ ကဲ ညနေတောင်စောင်းနေပြီ ပြန်ကြတော့လေ... မိ Chae အိမ်ကိုတန်းတန်းမက်မက်ပြန်မယ်နော် တီလေးအလုပ်လေးနဲနဲလက်စသတ်ပြီးတာနဲ့ ပြန်ခဲ့မယ် "

" Nae တီလေး ဒါဆို Chae တို့သွားတော့မယ် "

unnie Irene ကိုနှုတ်ဆက်ခဲ့ပြီး SG Entertainment ဆိုတဲ့အဆောက်အဦးထဲကနေထွက်လာခဲ့သည်၊တဂယ်တော့ Chae ကိုကျေးဇူးတင်ရမှာ ကျောင်းလွှတ်ထဲက Li ကိုအတင်းဆွဲခေါ်လာတာမို့ ဒေါသထွက်ပေမဲ့လဲ အခုကျတော့ တဂယ်ပင်ကျေးဇူးတင်မိသည်။

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now