-36-

2.8K 280 149
                                    


For Unicode

' ဟူး '

နှာခေါင်းထဲကအငွေ့တစ်လူလူထွက်အောင်မှုတ်လိုက်ရင်း ကျောင်းနံရံကိုမှီကာခေါင်းကိုမော့ထားလိုက်သည်။

ခုမှပဲနေသာထိုင်သာရှိသွားတော့တယ်၊ စာသင်ခန်းထဲထိုင်နေရင်း စိတ်ရှုပ်လာသလိုလို တစ်ကိုယ်လုံးညောင်းလာသလိုလိုခံစားရတာမို့ လွယ်အိတ်ထဲ မသိမသာခိုးဆောင်ထားတဲ့ ဆေးအနည်းငယ်ပါတဲ့ဆေးလိပ်တိုလေးကို မသိမသာယူရင်း ကျောင်းအနောက်ဘက် လူရှင်းတဲ့နေရာမှာလာသောက်နေတာ။

တစ်စုံတစ်ယောက်မြင်သွားရင်တော့ Lisa မလွယ်။ အဆူလဲခံရမည် အပစ်ပေးလဲခံရမည်။ တွေးနေရင်း လက်ထဲကဆေးလိပ်လေးကိုတစ်ရှိုက်ထပ်ဖွာလိုက်သည်။ ဆေးလိပ်အရသာကို ရင်ထဲထိသေချာခံစားနေရင်း...

" Lisa...
နင်ဘာလုပ်နေတာလဲ "

မျက်လုံးမှိတ်ကာ မှီနေရင်း ရုတ်တရက်ဘေးကအသံထွက်လာတာမို့ လန့်ကာ မျက်လုံးဖွင့်ရင်း ကျောဘက်ဆီဆေးလိပ်ကိုအလျှင်အမြန်ဖွက်မိသည်။ ပြီးမှ လူကိုသေချာပြန်ကြည့်လိုက်တော့ Chae..

" Yrrr Chae ရာ ဘယ်လိုဖစ်လို့ရောက်လာတာလဲ လန့်သွားတာပဲ "

" အဲ့တာကငါကမေးရမှာ နင်ကဒီကိုဘာလာလုပ်တာလဲ... ငါသန့်စင်ခန်းကပြန်လာတော့ နင်ဒီဘက်ကိုထွက်လာတာမြင်လို့လိုက်လာတာ...
Lisa အငွေ့တွေနဲ့ ဘာလဲ နင်ဆေးလိပ်သောက်နေတာလား "

ကျောဘက်ဆီကဖွက်ထားတဲ့ဆေးလိပ်လေးကိုရှေ့ထုတ်လိုက်ရင်း တစ်ခေါက်ပြန်သောက်လိုက်သည်။

" ဟုတ်တယ် အခန်းထဲမှာနဲနဲမွန်းကြပ်လာလို့ "

" Lisa နင်စွဲနေပြီလား..
နင့်ကြည့်ရတာတစ်မျိုးပဲ "

" ငါမစွဲပါဘူး ဒီတိုင်းသောက်တာပါ မသောက်တာကြာလို့ ဒါနဲ့ နင်သောက်ဦးမလား "

" တော်ပါပြီ ငါမနေ့ညကမှသောက်ထားလို့...
စွဲလမ်းမှုမဖစ်စေနဲ့ Lisa...ဖြတ်ရခက်လာတဲ့အခါကျရင်နင့်အတွက်ဆိုးကျိုးတွေပဲဖစ်လာလိမ့်မယ် "

" ငါမစွဲလမ်းသေးပါဘူး Chae...
ဒီတိုင်းသဘောကျမိရုံပဲ "

" ဒါနဲ့ နင်ဘယ်လိုဆုံးဖြတ်လိုက်ပြီလဲ "

Starting With Bitterness (JENLISA // JENSOO) Où les histoires vivent. Découvrez maintenant