-02-

3.1K 276 43
                                    

For Unicode

အဖြူရောင်ပန်းလေးများနဲ့လှလှပပ စီခြယ်ထားတဲ့ခန်းမကြီးအလယ်မှာ လှပတင့်တယ်စွာ လိုက်ဖက်ညီနေတဲ့စုံတွဲတစ်တွဲ....

အသက်သုံးဆယ့်နှစ်နှစ်ခန့် Kim Kai လို့ခေါ်တဲ့ ဆိုးလ်မြို့ရဲ့နမည်ကြီး KM Company ရဲ့ဥက္ကဌကြီးနဲ့ အသက်နှစ်ဆယ့်ငါးနှစ်ခန့် ဆိုးလ်ရဲ့ နမည်ကြီး ကိုယ်ပိုင်အထက်တန်းကျောင်း KIM GROUP ရဲ့ကျောင်းအုပ်ဖစ်သူ Kim Jennie  ရဲ့ လက်ထပ်ထိန်းမြားတဲ့ပွဲအခန်းအနားတစ်ခု....

ကျိကျိတက်ချမ်းသာလှတဲ့ မိသားစုနှစ်စုရဲ့လက်ထပ်ပွဲမို့ Media အနည်းငယ်နဲ့ လာရောက်ကြတဲ့ဧည့်သည်တွေဟာလဲခေသူမဟုတ်တွေပေါ့....

ဒီနေ့အတွက်နတ်ဘုရားမတစ်ပါးကဲ့သို့လှပနေတဲ့ Kim Jennie ကိုလူတိုင်းကအားကျတဲ့အကြည့်တွေနဲ့ကြည့် နေကြပေမဲ့
များပြားလှတဲ့ခုံဝိုင်းများကြားထဲ ချောင်ကျကျဝိုင်းမှာထိုင်နေတဲ့ ကောင်မလေးတစ်ယောက်တော့ပါမနေခဲ့ဘူး...

Appa ရဲ့စီစဥ်ပေးမှုအရ ပွဲကိုတက်ရပေမဲ့ တဂယ်တမ်းက လုံးဝလာချင်တာမဟုတ်။

" ဟဲ့ lisa နင့်မျက်နှာကြီးကလဲဟာ နဲနဲပါးပါးပြုံးပါဦး ဒါကနင့် Appa ရဲ့မင်္ဂလာပွဲနော်
ဒါနဲ့ငါတို့ကျောင်းအုပ်က ဒီနေ့တော်တော်လှတယ်ဟ မင်းသမီးတောင်ရှုံးနိုင်လောက်တယ် နင့် Appa ကတဂယ်ကံကောင်းတဲ့သူပဲ "

အလိုက်ကမ်းဆိုးမသိ ဟိုမိန်းမကိုပြုံးကြည့်ရင်း Li ကိုစကားလာပြောနေတဲ့ Chaeyoung ကို ခပ်တည်တည်နဲ့စိုက်ကြည့်လိုက်တော့မှ ကြောက်ကြောက်လန့်လန့်ပြုံးပြလာသည်

" sorry ပါ Li ရယ် ငါ့မေ့သွားလို့ပါဟ
တဂယ်ပဲ နင့်ရဲ့ကံကိုကလဲကောင်းလွန်းတယ် ကြည့်မရတဲ့သူကိုမှ stepmother လာတော်နေရတယ်လို့ "

မိထွေးဆိုရင်ကြားမကောင်းမှာစိုးလို့ stepmother လို့သုံးလိုက်ကာမှ ဒေါသမျက်နှာကြီးနဲ့ စိုက်ကြည့်လာတဲ့ Li ကြောင့် Chae စကားမှားသွားမှန်းသိလိုက်ရသည်

" Park Chaeyoung နောက်တစ်ခါနင့်ပါးစပ်က stepmother ဆိုတဲ့စကားမပြောနဲ့ မိထွေးဆိုတဲ့အသံလဲမထွက်မိစေနဲ့ ငါ့ဘဝမှာ Omma ဆိုတာတစ်ယောက်ပဲရှိတယ် သူ့ကို Omma လဲမတော်နိုင်သလို မိထွေးလို့လဲမသက်မှတ်နိုင်ဘူး သူနဲ့ငါနဲ့ကဘာမှမပတ်သတ်ဘူး ငါ့ဘဝရဲ့အမုန်းဆုံးလူကသူပဲ "

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now