-47- ( 🔞 )

7.1K 367 130
                                    

For Unicode

ရေချိုးအဝတ်အစားလဲပြီးတာနဲ့ ကုတင်ပေါ်မှာထိုင်ရင်း လှဲချလိုက်သည်။ မျက်နှာကျက်ဖြူဖြူလေးကိုစိုက်ကြည့်နေရင်း ဒီနေ့အတွက်ပင်ပန်းလာသမျှကို လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ ဒီနေ့ဖစ်ပျက်ခဲ့တဲ့အဖစ်အပျက်တွေနဲ့ မြင်တွေ့ခဲ့ရတဲ့ပုံရိပ်များအရ Chae စိတ်ပူမိတာ Soo...

Soo အဆင်များပြေရဲ့လား.. အခုချိန်ဘာများလုပ်နေမလဲ ၊ သေချာပေါက် Soo တို့ရဲ့လက်ထပ်ပွဲအတွက်ရင်ခုန်နေမှာပေါ့.. ယခု Lisa ကလဲသိသွားပြီမို့ Soo တို့ရဲ့လက်ထပ်ပွဲအတွက်အနှောင့်အယှက် မရှိပါစေနဲ့သာ Chae ဆုတောင်းပေးနေမိသည်..

ဘာမှမဆိုင်တဲ့ သူတစ်ယောက် ၊ ပိုင်ရှင်ရှိတဲ့လူတစ်ယောက်ကို ကြိတ်ပြီးစိတ်ပူနေရတာကလဲ ဝဋ်တစ်မျိုးပါလားနော်... တွေးရင်းနှင့်ပင် မတွေ့တာ နှစ်ရက်လောက်ရှိပြီဖစ်တဲ့ Soo ကိုလွမ်းလာမိသည်။ Chae ကသာ သတိရနေတာပါ Soo ကတော့ သေချာပေါ့ ပျော်ရွှင်နေမှာ...

ကျောင်းကပြန်လာထဲက Lisa ကိစ္စနဲ့ပင်ပန်းနေတာကြောင့် Soo အကြောင်းတွေးနေတာကိုလဲဖျောက်လိုက်ကာ မျက်လုံးများကိုခဏအနားပေးရင်းမှိတ်ထားလိုက်သည်။

Chae အိပ်ပျော်တော့မည့်ဆဲဆဲတွင် Chae ဘေးနားက ဖုန်းကထမြည်လာတာမို့ ဘယ်ဘက်လက်ဖြင့်ယူလိုက်ရင်း မျက်လုံးများမပွင့်ပဲ ကိုင်လိုက်မိတော့ ကြားရတဲ့အသံလေးက Chae အတွက်စိတ်ပူစရာပင်...

" Chae လေး "

" Soo...
ဘာဖစ်နေတာလဲ "

Chae ကိုပြောတဲ့အသံက ဖျော့တော့တော့ လေးတေးတေးနဲ့မို့ Chae မျက်လုံးကိုဖွင့်လိုက်ရင်း သူမကိုစိတ်ပူစွာမေးလိုက်တော့...

" ဘာမှမဖစ်ဘူး
JiJi ညစ်နေလို့... Chae လေးဆီဖုန်းဆက်ကြည့်တာ "

" Soo... အရက်တွေသောက်ထားတာလား "

" မသောက်ပါဘူး..
JiJi ဒီတိုင်းသတိရလို့ဆက်လိုက်တာ ဖုန်းချတော့မယ်နော် "

" ခဏ...ခဏလေး Soo
Soo အခုဘယ်မှာလဲ Chae ကိုပြော "

မူးနေပုံပေါက်နေတဲ့ သူမအသံကြောင့် အိပ်နေရာနှင့်ပင် Chae ထထိုင်လိုက်ကာသူမကိုမေးလိုက်သည်၊ Chae တဂယ်ကိုစိတ်ပူမိသည်၊ ဘာတွေများစိတ်ညစ်စရာရှိနေလို့လဲ Soo ရယ်...

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now