-42-

2.8K 317 156
                                    

For Unicode

Chae အရှေ့မှာထိုင်ရင်း ဆိုဂျူကို ပုလင်းလိုက်မော့ချနေသော သူမကို Chae ဒီအတိုင်းပင်ထိုင်ကြည့်နေမိသည်။

" အေ့ Chae လေးသိလား...
JiJi အရမ်းခံစားနေရတာ "

" unnie တော်တော့နော်...
unnie သောက်တာအရမ်းများနေပြီ "

သူမလက်ထဲက ဆိုဂျူပုလင်းလေးကို လှမ်းယူလိုက်ရင်း သူမကိုပြောလိုက်တော့.. Chae ရှေ့မှာခလေးတစ်ဦးသဖွယ်.. အသံအကျယ်ကြီးနဲ့ ငိုချလာတဲ့ သူမက နမည်ကြီး model သရုပ်ဆောင်တစ်ယောက်တဲ့လေ...

" အဟင့်...အီးးဟီးး...
Chae လေးသိရဲ့လား... JenJen ကလေ...
JenJen ကခုတစ်လော JiJi အပေါ်စိမ်းနေတယ် Chae လေးရဲ့ "

ငိုရင်း ပြောလာတဲ့သူမစကားကိုကြားတော့ Chae တဂယ်ပင်စိတ်မကောင်းဖစ်မိပါသည်။ အစထဲက တစ်ယောက်ယောက်က နာကျင်ရမယ်မှန်းကြိုတင်သိနေပေမဲ့ အခုလိုမျိုးဖစ်လာတော့လဲ Chae လဲစိတ်မကောင်း...

" ဒါမဲ့ ဘာပဲဖစ်ဖစ်ပါလေ JiJi ကတော့ ချစ်တယ်...

အဲ့တော့ JenJen ကိုပိုင်ဆိုင်ရဖို့ကြိုးစားမှာပဲ..."

" ဒါပေါ့ unnie ကြိုးစားရမှာပေါ့..
ခုတော့ပြန်ရအောင်နော်... unnie အရမ်းမူးနေပြီ "

" Wae... JiJi မမူးသေးဘူး... ပြန်ပေး
ထပ်သောက်ဦးမှာ.. "

" သုံးပုလင်းတောင်ကုန်နေပြီလေ unnie ရဲ့မသောက်နဲ့တော့နော် လိမ္မာပါတယ် "

Chae အဖစ်ကအခုမှ အရက်မူးနေတဲ့သူတစ်ယောက်ကိုခလေးတစ်ယောက်လိုချော့နေရတဲ့အဖစ်...
မှားပါတယ် ဒီလိုမှန်းသိ.. လမ်းထိပ်ကို ထွက်မလာခဲ့ပါဘူး...
တဂယ်က Chae ညဘက်ဗိုက်ဆာလို့ အိမ်မှာဘာမှမရှိတာနဲ့ ကိုးနာရီလောက် လမ်းထိပ်ကိုထွက်လာခဲ့တာ...ဒါပေမဲ့ ဘာပဲဖစ်ဖစ်ပါလေ..သူမတစ်ယောက်ထဲ စိတ်မချနိုင်ပါဘူး Chae ရောက်လာတာပဲကောင်းတယ်...ပြီးတော့ သူမက နမည်ကြီးအနုပညာရှင်မလား တစ်ယောက်ယောက်တွေ့သွားရင် သွားပြီပဲ....

" unnie ပြန်ရအောင်နော်...
လာ ထ "

လက်ကိုအတင်းဆွဲကာ ခေါ်ပေမဲ့ ဂျစ်ကျလွန်းတဲ့ ကလေးကြီးက မထတဲ့အပြင် Chae လက်ထဲက ဆိုဂျူပုလင်းကိုလုရင်း တစ်ခါထပ်ကာသောက်နေပြန်သည်။

Starting With Bitterness (JENLISA // JENSOO) Opowieści tętniące życiem. Odkryj je teraz