-10-

2.7K 263 46
                                    


For Unicode

" မင်းကိုအရှေ့မှာလာထိုင်ဖို့ တို့ပြောနေတယ်နော် "

ဒီနေ့က သူနဲ့အတူကျောင်းသွားရမဲ့ပထမဆုံးနေ့မို့ နားကြပ်တပ်ကာ ကားနောက်ခန်းကို ဝင်ထိုင်နေလိုက်သည်။ သူပြောတာကိုကြားပေမဲ့မကြားချင်ယောင်ဆောင်ကာ မျက်လုံးမှိတ်ထားရင်းငြိမ်နေသည်မို့ ဒေါ်စိတ်တိုတစ်ယောက် Li ကိုအော်ပြောနေခြင်းဖစ်သည်။
မနက်စောစောစီးစီးပြဿနာမတက်ချင်တာမို့ ဘာမှမပြောပဲ အနောက်ခန်းမှအရှေ့ခန်းကိုပြောင်းထိုင်လိုက်သည်။

Jen အော်လိုက်တာမို့စောင့်အောင့်ရင်း အရှေ့ခန်းပြောင်းထိုင်တဲ့ခလေးမက နားကြပ်တပ်ရင်း အပြင်ဘက်ကိုငေးနေသည်မို့ ဘာမှပြောမနေပဲ ကျောင်းကိုသာမောင်းလာခဲ့လိုက်သည်

" ဟဲ့ Lisa ရယ် ကြာလိုက်တာဟာ ခဏနေအတန်းတောင်စတော့မယ် ဒီနေ့ငါတို့ကျောင်းပြေးမှာလေဟာ နင်မေ့နေတာလား "

ကျောင်းကိုရောက်ရောက်ချင်းမေးလာတဲ့ Chaeyoung ရဲ့ခပ်ဆူးဆူးစကားသံကိုအေးအေးဆေးဆေးသာတုံ့ပြန်လိုက်သည်

" မမေ့ပါဘူးဟာ ငါဒေါ်စိတ်တိုနဲ့ ကျောင်းတူတူလာရလို့ နောက်ကျနေတာ "

" ဘယ်လိုဖစ်လို့လဲ ခါတိုင်းနင်ကကို့ဘာသာစက်ဘီးနဲ့လာနေကျပါ ဘာလဲ စက်ဘီးပျက်နေလို့လား "

" မဟုတ်ပါဘူး Somi ရယ် မနေ့ကအဆင့်ကိစ္စလေ အိမ်ရောက်တော့ ငါ့ကိုထပ်ဆူတယ် ပြီးတော့ငါတို့အလဲအလှယ်လုပ်ကြတယ် "

" ဘယ်လိုအလဲအလှယ်တုန်းဟ "

Li စကားကိုကြားတော့ တအံ့တဩ ပြန်မေးလာတဲ့ Bobby ပုံစံကကြောင်တောင်တောင်လေးရယ်

" ငါက Appa ကိုပြန်မပြောပါနဲ့ဆိုတဲ့ကတိကိုတောင်းတယ်လေ အဲ့တော့အဲ့ကတိကိုသူကလက်ခံမယ်တဲ့ ဒါမဲ့အချက်နှစ်ချက်ကိုလိုက်လျောရမယ်တဲ့လေ တစ်ခုကတော့ ခုနကလို သူနဲ့ကျောင်းသွားကျောင်းပြန်အတူတူလုပ်ရမယ်တဲ့ နောက်တစ်ခုက ညတိုင်းသူနဲ့စာတူတူလုပ်ရမယ်ပေါ့ "

" အော် Lisa ရယ်နင့်အဖစ်ကလဲ "

Li ပြောတာကိုနားထောင်ပီး လေသံအေးအေးနဲ့ပြောလာတဲ့ Chae ကို ပုခုံးနှစ်ဖက်သာတွန့်ပြလိုက်သည်

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now