-07-

2.6K 275 27
                                    

For Unicode

" ဟွန့် တဂယ်ပဲဟာ မကျေနပ်လိုက်တာ သူနဲ့တူတူမနေချင်ပါဘူးဆို "

" ကဲပါ Lisa ရယ် တစ်ညထဲပဲကိုသည်းခံလိုက်နော် "

အင်္ကျီအထုပ်ကိုဆွဲရင်း ပွစိပွစိပြောနေတဲ့ Lisa ကို Chae ပြောလိုက်သည်

" မျက်နှာတောင်မမြင်ချင်ပါဘူးဆို ခုတော့ တစ်ခန်းထဲပါနေရမယ်တဲ့ ဟွန့် Kim Jennie Li အကြောင်းသိရသေးတာပေါ့ "

" ဟဲ့ Lisa နင်ဘာလုပ်မလို့လဲ ခုနကမှအဆူခံလာရတာနော် "

Chae တစ်ယောက်မျက်လုံးပြူးရင်း Li ကိုကြည့်ပြီး မေးနေသည်

" စိတ်ချပါဟ ဒီတစ်ခေါက်ကို ငါတို့လုပ်မှန်းမသိအောင်လုပ်မှာပေါ့ နင်စောင့်ကြည့်လိုက် "

" ငါတို့ကိုလဲပြောပြလေဟာ "

အနားတိုးလာတဲ့ Bobby ရဲ့စကားသံအဆုံး

" အေး လာ ဒီလိုဟ "

လေးယောက်သားခေါင်းချင်းဆိုင်ရင်း အစီအစဥ်စွဲနေကြသည်

နေ့လည်စာစားချိန်

" ကဲခလေးတို့ မနက်က သေချာလေ့လာခဲ့ရဲ့လား "

" Nae. .."

" ဒါဆိုအခုနေ့လည်စာစားပြီးရင် ထပ်ပြီးလေ့လာရမယ်နော် မနက်ဖြန်ညနေဘက်လောက်ပြန်မှာဆိုတော့ မနက်ဖြန်ဆိုအချိန်က မနက်ပိုင်းပဲရမှာ "

" ကျောင်းအုပ် ဒီမှာကော်ဖီသောက်ပါဦး ဒီနေရာမှာနမည်ကြီးလို့ပြောတယ် "

" အော် ကျေးဇူး ဆရာမဂင် "

coffee နံ့လေးသင်းသင်းလေးနဲ့မို့ ခွက်လေးကိုကိုင်ရင်း သင်းပျံ့နေတဲ့ကော်ဖီနံ့လေးကိုမွှေးကြူလိုက်သည်
ကော်ဖီသောက်တိုင်း Jen ရဲ့အကျင့်တစ်ခုရှိတယ် အဲ့တာက ကော်ဖီခွက်ကိုင်ရင်း အနံ့ခံလေ့ရှိတာ ကော်ဖီနံ့သင်းသင်းလေးကိုခံစားပြီးမှအမြဲသောက်လေ့ရှိတယ်
အခုလဲထိုကဲ့သို့ပင်
ကော်ဖီနံ့လေးကိုတဝကြီးရှူရှိုက်မိသည်နှင့် ခဏအကြာ.....

' ဟက်ချိုးးးး ဟက်ချိုးးး '

" ခ်ခ် ဟားးး ဟားးး "

ထမင်းစားခန်းအပြင်ကနေကြိတ်ရယ်နေကြတဲ့ လူလေးယောက်
ပြေးကြည့်စရာမလိုအောင် သေချာပေါက် Lizzy ပဲပေါ့

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now