-03-

3K 289 66
                                    

For Unicode

" အော် ရောက်လာပြီလား ထိုင်လေ "

Li တို့ရုံးခန်းထဲဝင်လာပြီးခဏကြာမှ စာရင်းတွေနဲ့အလုပ်ရှုပ်နေတဲ့သူက မော့ကြည့်လာရင်း တပ်ထားတဲ့မျက်မှန်အဝိုင်းလေးကိုချွတ်ကာထိုင်ဖို့ပြောနေသည်။ ကြည့်ရတာတော့တစ်ခုခုပဲ ဘာလဲတော့မသိဘူး

" မင်းတို့လေးယောက်ကိုခေါ်လိုက်ရတာကတော့ သတိပေးစရာရှိလို့ "

ဇာတ်လမ်းကတော့စလာ​ပြီ။
ထင်တော့ထင်တယ် ကောင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာ ၊ ခုလဲဘာတွေပေါက်ပေါက်ဖောက်ဦးမလဲမသိဘူး

" မင်းတို့လေးယောက်ကျောင်းမှာဆိုးတယ် ခဏခဏပြဿနာရှာတယ် နေ့တိုင်းနီးပါးအပစ်ပေးခံရတယ် ဒါကိုတို့မပြောလိုဘူး ဒါကဆုံးမပီးပြင်ယူရင်ရတယ် အခုပြောချင်တာက ကျောင်းသားအဆင့်ကိစ္စ "

ဟိုသုံးကောင်ကတော့ သေချာအာရုံစိုက်နားထောင်နေသည် ၊ Li ကတော့သူ့ကိုမကြည့် တခြားကိုသာအကြည့်ပို့ထားရင်း နားထောင်နေလိုက်သည်၊
မထီမဲ့မြင်ပြုသလိုဖစ်နေပေမဲ့ သူ့နေရာမှာတခြားသူဆိုသေချာနားထောင်နေမှာ အခုကသူဖစ်နေလို့ကို မကြည့်ချင်တာ။

" Lisa တို့ကိုကြည့်ပီးပြောတာနားထောင်ပေးပါ မထီမဲ့မြင်မလုပ်ပါနဲ့ "

အခုမှ Li ကိုသတိထားမိတယ်ထင်တယ် အာဏာကြီးနဲ့စကားပြောလာသည် ၊ Lalisa တို့က ဒီလောက်တော့မဖြုံ

" ကျောင်းအုပ်တစ်ယောက်အနေနဲ့ အမိန့်ပေးနေတာမို့ တို့မျက်နှာကိုကြည့်ရင်း သေချာနားထောင်ပေးပါ "

အနည်းငယ်ဒေါသသံလေးပါလာရင်း အော်လိုက်တာမို့ Li ခန္ဓာကိုယ်လေးတုန်တက်သွားပေမဲ့ ဘာမှမဖစ်သလိုသာ ပြန်နေလိုက်သည်

ဒေါ်စိတ်တို အော်လိုက်တာမို့ နားနေခန်းထဲမှာရှိတဲ့ ဆရာတော်တော်များများနဲ့ ဆရာမ အနည်းငယ်က ဝိုင်းကြည့်နေကြတာကြောင့် သူ့မျက်နှာကိုကြည့်လိုက်ရသည်
ဒေါသရိပ်တွေလွှမ်းနေတဲ့ သူ့မျက်နှာကိုကြည့်ရတာ သဘောကျလိုက်တာ ၊
Li အတွက်တော့သူ့ကိုမုန်းတာမို့ ဒေါသထွက်သည်ဖစ်စေ ၊ စိတ်ဆိုးသည်ဖစ်စေ ကျေနပ်သည်

Starting With Bitterness (JENLISA // JENSOO) Where stories live. Discover now